ep 27

12.1K 1K 307
                                    

Uni+Zaw

Uni

အဆင့်မြင့် restaurant တစ်ခုရဲ့ သီးသန့်အခန်းထဲသို့ ဝေယံမင်းခန့် ဝင်လိုက်သည်။ချိန်းဆိုထားတဲ့အချိန်ထက် အနည်းငယ်နောက်ကျမှ သူရောက်လာသောကြောင့် အခန်းထဲဝင်လိုက်သည်နှင့် အသင့်စောင့်ဆိုင်းနေသော သူကိုတွေ့ရသည်။စားပွဲဝိုင်းရှိ မျက်နှာချင်းဆိုင် ခုံတွင်သူ ဝင်ထိုင်လိုက်ရင်း-

" ဖုန်းဆက်ပြီးပြောလဲရတာကို ဘာကိစ္စမလို့ လူကိုယ်တိုင် တွေ့ပြီးပြောချင်ရတာလဲ "

" အရေးကြီးကိစ္စမို့ပါ CEO။ ဘုန်းပြည့်စုံဦး နဲ့ ရိုးရှင်းမေ နှစ်ယောက်အကြောင်းပါ "

" သူတို့နှစ်ယောက်ကိစ္စဆို ခင်ဗျားဘာမှ ထပ်ပြီးစုံစမ်းပေးစရာမလိုတော့ဘူး ဦးကျော်ခေါင်။ကျွန်တော် အားလုံးဖြေရှင်းပြီးသွားပြီ။ကိုကိုနဲ့လည်း သဘောတူညီချက်ယူပြီးသွားပြီ။ "

ထိုအခါဦးကျော်ခေါင်က ရယ်ချင်သလိုမျက်နှာပုံစံနှင့်-

(A/N ဒုဥက္ကဌ ဦးကျော်ခေါင်ကို မှတ်မိလားမသိဘူးရှင့်။ အရှေ့အပိုင်းတွေမှာ သူပါ ပါတယ်နော်)

" CEO ကဘုန်းပြည့်စုံဦး ဆိုတဲ့ကောင်ကိုယုံတာလား? သူအခုဘာတွေကြံစည်နေလဲ CEO သိလား? သူ ရိုးရှင်းမေ ဆိုတဲ့မိန်းကလေးနဲ့ နိုင်ငံခြားကိုအပြီးထွက်သွားဖို့စီစဥ်နေတယ်! "

" ဘာ!!!!! "

ယံလေး အသံကျယ်သွားရုံသာမက ထိုင်ရာမှထမလိုတောင်ဖြစ်သွားသည်။

" ခင်ဗျား ဘာပြောလိုက်တယ် ! "

" အဲ့ဒါတင်မကသေးဘူး အခုသူ မိဘမဲ့ဂေဟာတစ်ခုမှာ ကျောင်းဆောက်လှူဖို့လုပ်နေတယ်မလား။အဲ့တာလည်း ဟန်ပြသက်သက်ပဲ။CEO ကကျောင်းဆောက်ဖို့အတွက် ပေးတဲ့ အလှူငွေတွေနဲ့ နိုင်ငံခြားကိုအပြီးထွက်သွားပြီး ဟိုမှာ ရိုးရှင်းမေနဲ့ အဲ့ငွေတွေကိုရင်းနှီးလုပ်ကိုင်စားသောက်ဖို့အတွက်သုံးမှာ "

ဦးကျော်ခေါင် စကားတို့မှာ ယံလေးသွေးများပွက်ပွက်ဆူသည်အထိ ဖြစ်သွားသည်။

" ခင်ဗျား သတင်းကသေချာလို့လား။မသေချာဘဲ ရမ်းသမ်းမပြောနဲ့။ ကိုကို ကအဲ့လိုလုပ်မယ့်လူစားမျိုးလုံးဝမဟုတ်ဘူး "

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Where stories live. Discover now