Uni+Zaw
Uni
" ညီမ ဘာဖြစ်နေတာလဲ "
" မေ့ ပိုက်ဆံအိတ်မတွေ့တော့လို့ ကိုဘုန်း "
ပခုံးထက်လွယ်ထားသော စလင်းဘတ်အိတ်အောက်ခြေတွင် ဓားနှင့်ဖြဲထားသောအရာကို ရိုးရှင်းမေကြည့်ရင်း ပူထူနေသည်။
" ပိုက်ဆံအိတ်က အပြဲကိုကြည့်ရတာ တစ်ယောက်ယောက် ခါးပိုက်နှိုက်သွားတယ်ထင်တယ် ညီမ။ ဘယ်အချိန်လောက်ကသတိထားမိတာလဲ ပိုက်ဆံအိတ်မရှိတော့တာကို "
ရိုးရှင်းမေ ပုံစံကအရမ်းစိတ်ပူသလိုဖြစ်နေပြီး ဆံပင်အပြောင်သိမ်းစည်းထားသော နဖူးထက် ချွေးများပါထွက်လာသည်။
" ဟာ!! ရှေ့ကလူတွေ ဒီနေ့ပြီးကြဦးမှာလား "
နောက်တွင်စီတန်းနေသာစျေးဝယ်သူများထံမှ အသံတစ်ချို့ထွက်လာပြန်သည်။
" ပိုက်ဆံအိတ်ကိုပြီးမှပဲရှာတော့ ညီမ။ အခုလောလောဆယ် ရှင်းစရာရှိတာအရင်ရှင်းလိုက်ရအောင် "
သူပြောပြီး Card တစ်ခုကို cashier ဝန်ထမ်းကောင်မလေးထံပေးလိုက်သည်။ သူဝယ်ထား
သည့်စျေးဝယ်ခြင်းကိုတော့ ပိုက်ဆံရှင်းသည့်နေရာမှာပဲ ထားခဲ့လိုက်ပြီးခဏနေမှလာယူမည်ဟုပြောခဲ့လိုက်သည်။ ပိုက်ဆံရှင်းသည့် counter မှ အပြင်ရောက်တော့-" သေချာစဥ်းစားကြည့်ပါဦး။ပိုက်ဆံအိတ်က ဘယ်အချိန်လောက်က အခိုးခံရတယ်ထင်လဲ "
သူ့လက်ထဲတွင် ရိုးရှင်းမေဝယ်ထားသော စျေးဝယ်အိတ်များကို ဆွဲထားရင်းမေးလိုက်သည်။
" မေ.....မေလည်း သတိမထားမိဘူး ကိုဘုန်း "
" ကဲပါ..အရမ်းမစိုးရိမ်ပါနဲ့။ အကို ဒီက security control ခန်းသွားပြီးစုံစမ်းကြည့်ပေးမယ် "
" ဟုတ်ကဲ့ ကိုဘုန်း "
တကယ်တော့ ဒီ Super Market က GM သည် သူနှင့်လုပ်ငန်းကိစ္စအတူလုပ်ကိုင်ဖူး၍ ရင်းနှီးသည်။Control ခန်းရောက်တော့ လုံခြုံရေးဝန်ထမ်းခေါင်းဆောင်ထံ ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံရကြောင်းပြောပြသည်။ လုံခြုံရေးဝန်ထမ်းခေါင်းဆောင်က ရိုးရှင်းမေ၏ ပိုက်ဆံအိတ်ပုံစံ၊ အရောင်နှင့် ပါသွားသော ပစ္စည်းများကိုမေးသည်။
KAMU SEDANG MEMBACA
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်