ep 39.2

14.2K 1.1K 186
                                    

Uni+Zaw

Uni

" နင့်မှာသက်သေရှိလို့လား။ သက်သေရှိရင် CCTV ကြည့်လိုက်!! "

ဒီမိန်းမကြည့်ရတာ ကိုကို့ဆိုင်ကိုတမင်ရည်ရွယ်ချက်ရှိရှိချောက်ချဖို့လာသည်ထင်။ဆိုင်တွင် CCTV မရှိမှန်းလည်းကြိုသိထားပုံရသည်။

" ကျွန်တော်တောင်းပန်ပါတယ်အစ်မ။အစ်မကျေနပ်တဲ့အထိ အဆင်ပြေအောင်ပြန်လုပ်ပေးပါ့မယ် "

" ကိုကိုကဘာလို့တောင်းပန်နေတာလဲ! ကိုယ့်အမှားမရှိဘဲ ဘာမှတောင်းပန်စရာမလိုဘူး "

ကြားထဲကနေဝင်တောင်းပန်နေသော ကိုကို့ ကိုဒေါသထွက်မိ၍ ယံလေးအော်သလိုဖြစ်သွားသည်။တမင်သက်သက်ရင့်သီးမိုက်ရိုင်းနေတဲ့ မိန်းမကို ကိုကို့လိုလူမျိုးကဘာမှတောင်းပန်နေစရာမလိုဘူး။ပြီးတော့ သူတစ်ယောက်လုံးဘေးမှာရှိနေရက်နဲ့ ဘာမကြောင်းနဲ့မှမိန်းမတစ်ယောက်ကို ဒီလိုအောက်ကျို့နေစရာမလိုဘူး။

ယံလေးရဲ့ ကိုကိုဟူသောတရင်းတနှီးခေါ်သံတွင် ဆိုင်ရှိတစ်ခြားဝန်ထမ်းများ ရုတ်တရက်အံ့သြမိပေမယ့် လက်ရှိဖြစ်နေတဲ့ ပြဿနာအပေါ်ပဲအာရုံပြန်ရောက်သွားကြသည်။

" အထူးသဖြင့် ဒီလိုအဆင့်အတန်းစရိုက်နဲ့မိန်းမကို တောင်းပန်နေစရာဘာအကြောင်းမှမရှိဘူး!! "

" အမလေး!! မိုက်ရိုင်းလိုက်ကြတာ၊ ဘာမဟုတ်တဲ့ပေါက်လွှတ်ပဲစားဆိုင်ကအကောင်က ငါ့ကိုဘယ်လိုစကားနဲ့စော်ကားလိုက်တာလဲ!! နင်ကဘာစောက်ဆင့်ရှိလို့လဲ!! ကိုယ့်ဆိုင်လာစားတဲ့ customers ကိုနင်တို့ဒီလိုစော်ကားနေကျလား! ငါ့အကြောင်းသိစေရမယ်။ နင်တို့ဆိုင်ရပ်တည်လို့မရအောင်လုပ်ပစ်မယ်!!! "

" အစ်မ ကြားထဲက ကျွန်တော်ပဲတောင်းပန်ပါတယ်။သူက အလုပ်လုပ်တာမကြာသေးတဲ့ ဝန်ထမ်းသစ်ဆိုတော့သိပ်နားမလည်သေးလို့ပါ တောင်းပန်ပါတယ် "

" ရှင့်ဆိုင်ကဝန်ထမ်း ကျွန်မကိုဘယ်လိုမိုက်ရိုင်းစော်ကားလဲ.... ရှင်မြင်တယ်နော်။လုံးဝမကျေနပ်ဘူး။ဒီကိစ္စကိုတရားစွဲမယ်။စားသုံးသူအဖွဲ့အစည်းကိုလည်း တိုင်မယ်။ရှင့်ဆိုင်ပိတ်ရပြီလို့သာမှတ်လိုက်!!! "

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Onde histórias criam vida. Descubra agora