Uni+Zaw
Uni
တစ်နာရီခန့်ကြာ အဘွားပြောသမျှနားထောင်ပြီးနောက် ဘုန်းပြည့်စုံဦး၏ ရင်တွင်းတစ်နေရာတွင်တင်းကျပ်ဆို့နင့်သွားရသည်။ ယံလေးမိဘနှစ်ပါး အကြောင်းကို သူသေချာမသိခဲ့ဘူး။ဒီတိုင်း ယံလေး ကလေးဘဝကတည်းက ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့သည်ဟုသာ သိခဲ့သည်။မနက်အစောကြီး အဘွားသည် သူ့ရှေ့ရုတ်တရက်ရောက်လာပြီး ပြောလာသော အကြောင်းအရာများက ဘုန်းပြည့်စုံဦးကို မထင်မှတ်ထားလောက်အောင် အံ့သြတုန်လှုပ်စေသည်။
" ဒါ.... ဒါဆို ယံလေးက အဖေရော အမေရော တစ်ခါမှမမြင်ဖူးဘူးပေါ့ အဘွား "
" ဟုတ်တယ် ကိုဘုန်း။ အဘွားကိုယ်တိုင်လည်း အဘွားသမီးလေးမျက်နှာကိုတစ်ခါမှ မမြင်ဖူးဘူး။အဲ့တာကြောင့် မြေးဖြစ်တဲ့ယံလေးကို အချစ်ပိုခဲ့ရတယ်။ဖြစ်ချင်တာမှန်သမျှ အလိုလိုက်ခဲ့တယ်။သမီးအပေါ် တာဝန်မကျေတဲ့ မိခင်တစ်ယောက်အနေနဲ့ သမီးရဲ့သွေးသားဖြစ်တဲ့မြေးလေးအပေါ်ပဲ ဂရုစိုက်ပေးနိုင်ခဲ့တယ် "
" Australia မှာအဘွားမိသားစုဝင်တွေကြား ယံလေး ပြောဆိုဖိနှိပ်ခံခဲ့ရတာကိုရော အဘွားကာကွယ်မပေးခဲ့ဘူးလား? "
ဘုန်းပြည့်စုံဦး၏ ခပ်ဆတ်ဆတ်အမေးတွင် အဘွားဒေါ်ထိပ်ထားသည် ညှိုးငယ်နွမ်းလျစွာ တိတ်ဆိတ်နေလျှက်။
အစက Australia ရှိမိသားစုများကို ယံလေးနှင့်သွေးသားတော်စပ်သည့် ဆွေမျိုးအရင်းချာများဟု ထင်ထားခဲ့သည်။ယံလေးသည် မပေါင်းဖက်လိုက်ရသည့် အဘွားငယ်ချစ်ဦးနှင့် ဆက်စပ်ပြီးရခဲ့သော မြေးမှန်း ဘုန်းပြည့်စုံဦး လုံးဝမသိခဲ့။ဒါ့ထက် ယံလေးသည် မိဘစွန့်ပစ်ခြင်းခံရသော ကလေးတစ်ယောက်မဟုတ်သော်ငြား သူ့ဘဝလေးသည် မိဘမဲ့ကလေးတစ်ယောက်သာသာဖြစ်သည်။
မွေးပြီးပြီးချင်း ရက်ပိုင်းအတွင်းဆုံးပါးသွားသော အမေ နှင့် မမွေးခင်ကတည်းက လူ့လောကကြီးထဲကနေ ထွက်ခွာသွားနှင့်ပြီဖြစ်သောအဖေ၊ နောက်ပြီး အရာရာပြည့်ပြည့်စုံစုံထားပေးသည်ဆိုပေမဲ့ တစ်နှစ်နေလို့ တစ်ခေါက်ပြန်မလာတဲ့အဘွား။ဘုန်းပြည့်စုံဦး ရင်ထဲအောင့်သက်နာကျင်ရပါသည်။ ဒီကလေးသည် အမိဝမ်းမှကျွတ်လွတ်ပြီးမွေးကင်းစအရွယ်လေးမှစ၍ အထီးကျန်မှုကို အဖော်ပြုကြီးပြင်းလာခဲ့ရသည်။ဒါ့ကြောင့်လည်း သူ့ကိုအရမ်းတွယ်ကပ်လွန်းတာဖြစ်မည်။
VOUS LISEZ
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်