ep 4

18.6K 1.5K 74
                                    

Uni+Zaw

Uni

Clubထဲသို့ဝင်လိုက်သည်နှင့် ဆူညံသောသီချင်းများနှင့်အတူ မီးရောင်အောက် မြူးကြွကခုန်နေကြသော လူများကို ဘုန်းပြည့်စုံဦးတွေ့လိုက်ရသည်။

" ငပြည့် လာလေ ဟေ့ရောင်"

သူလာတတ်သောနေရာမျိုးမဟုတ်၍ ကြောင်တောင်တောင် ဖြစ်နေစဥ် ထက်သူသည်သူ့အားလာခေါ်သည်။ထို့နောက် Club ရဲ့ အပေါ်ထပ်ထောင့်ဝိုင်းတစ်ဝိုင်းတွင် သူတို့ထိုင်ဖြစ်ကြသည်။

ထက်သူကတော့ကြိုရောက်နှင့်ပြီးသားထင်သည်။ စားပွဲပေါ်တွင်သောက်လက်စအရက်
များနှင့် တိုနှံ့နှံ့ အဝတ်စားများကိုဝတ်ဆင်ထားသော မိန်းကလေးနှစ်ယောက်ကိုတွေ့ရသည်။
ထက်သူသည် မိန်းကလေးနှစ်ယောက်ကြားဝင်ထိုင်ရင်း အရက်တစ်ခွက်ကောက်မော့လိုက်သည်။

" မင်းလည်း အခုမှပဲပေါ်လာတော့တယ် "

" အလုပ်တွေအရမ်းများနေလို့ မအားလို့ပါကွာ "

" အပိုတွေပြောမနေနဲ့ မင်းဟာလေးနဲ့မပြေလည်မှပေါ်လာပြီးတော့ "

ထက်သူသည်အရက်ခွက်ကိုကိုင်လျက်ပြုံးစစနှင့်ပြောသည်။

" မသိတော့ပါဘူးကွာ။ ယံလေးကအရမ်းကလေးဆန်တယ်၊ နားလည်မှုမရှိဘူး၊ ပြောရဆိုရလည်းခက်တယ် "

သူ့ရှေ့မှခွက်ထဲသို့ အရက်တစ်ချိူ့ထည့်ရင်းပြန်ဖြေဖြစ်သည်။

" မင်းတို့နှစ်ယောက် အိမ်ထောင်ရေး အဆင်မပြေဘူးလား? မင်းကရောအခုထိသူ့အပေါ်မချစ်နိုင်သေးဘူးလား? "

ထက်သူသည် သူငယ်ချင်းနှင့်အေးဆေးစကားပြောလို၍ သူ့ဘေးမှကောင်မလေးနှစ်ယောက်ကိုထွက်သွားခိုင်းလိုက်သည်။

" သံယောဇဥ်တော့ရှိတာပေါ့။ ချစ်လား မချစ်လားဆိုတာက အချစ်ဆိုတာဘာမှန်းမသိခင် ငါသူနဲ့လက်ထပ်ခဲ့ရတာ"   သူဆက်ပြီး

" ငါဘယ်သူ့ကိုမှမချစ်ဖူးဘူး၊ ရင်လည်းမခုန်ခဲ့ဖူးဘူး၊ ကုန်ကုန်ပြောမယ်ကွာ ငါ့ကိုယ်ငါ ယောက်ျားလေးတွေကိုစိတ်ဝင်စားတာလား မိန်းကလေးတွေကိုစိတ်ဝင်စားတာလား မသိခင်သူနဲ့အိမ်ထောင်ကျခဲ့ရတာ  "

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Место, где живут истории. Откройте их для себя