ep 60

16K 953 143
                                    

Uni+Zaw

Uni

" ယံလေး ဗီရိုပေါ်တင်ထားတဲ့ ဝိုင်ပုလင်း တွေ့မိသေးလား။ ကိုယ်မတွေ့တော့လို့ "

" ကိုနိုင်းလက်ဆောင်ပေးတဲ့ဟာကိုပြောတာလား ကိုကို "

" အင်း ဟုတ်တယ် "

ဝိုင်ပုလင်းအားဟိုရှာဒီရှာလုပ်နေသော ကိုကို့ကို ယံလေး အိပ်ရာပေါ်ကနေ အသာကြည့်နေလိုက်သည်။ကိုနိုင်းသည် မပြန်ခင် ကိုကို့ကို ဝိုင်တစ်ပုလင်းလက်ဆောင်ပေးခဲ့ပြီး ယံလေးကိုတော့ ဒုတိယအကြိမ်အကြိုမင်္ဂလာလက်ဖွဲ့ဟုဆိုကာ ဒီဆိုင်ခန်းလေးကို ဘုန်းပြည့်စုံဦး နှင့် ဝေယံမင်းခန့် နာမည်​အဖြစ်လွှဲပြောင်းပေးကာ ဆိုင်ခန်းတန်ဖိုးကို ယံလေး Bank acc ထဲထည့်ပေးခဲ့သည်။ လက်မခံချင်၍ ယံလေးငြင်းပေမဲ့ ဒီတစ်ခုတော့ လက်ခံပေးရန်အတင်းတောင်းဆိုလာသောကြောင့် လက်ခံလိုက်ရသည်။ကိုကိုနှင့်ပတ်သက်သမျှကို ယံလေးတစ်ယောက်တည်းကသာဖြည့်ဆည်းပေးချင်သည်။ ကိုယ့်အလှည့်ကျမှသိတတ်တယ်ပဲပြောပြော ကိုကို့အား သဝန်တိုလွန်းပါ၏။

" ကျွန်တော့်သူငယ်ချင်း လင်းမြတ်နဲ့ကိုစိုင်း သောက်ချင်တယ်ဆိုလို့ပေးလိုက်ပြီ "

" ဟင် ကိုယ်လည်းမသိလိုက်ပါလား "

" သူပေးတာ မသောက်စမ်းပါနဲ့ကိုကိုရာ..... ကိုကိုသောက်ချင်ရင် အဲ့Wine ထက်ကောင်းတာ ကျွန်တော်ဝယ်တိုက်မယ် "

ယံလေး ပြောပြီးမှ စကားမှားသွားလားတွေးမိသည်။

" ကိုယ်က သောက်ချင်လို့ပြောတာမဟုတ်ပါဘူးကွာ။မမြင်လို့မေးမိတာပါ "

" Sorry ကိုကို။ ကျွန်တော်စကားပြောမှားသွားတယ်။ ကိုနိုင်းပေးတာမသောက်စေချင်လို့ ကိုကိုသောက်ချင်ရင် အဲ့ထက်ကောင်းတာဝယ်တိုက်မယ်လို့ပြောတာပါ "

ကိုကိုကပကတိ အေးအေးဆေးဆေးပြောလာသော်လည်း ယံလေး သူ့စကားကိုအမြန်ပြင်ဆင်လိုက်သည်။

" ဒါဆိုလည်းဝယ်တိုက်လေ။ ကိုယ်လည်း Wine မသောက်ရတာကြာပြီ "

ကိုကိုက ယံလေးဆိုလိုသည်ကိုနားလည်သဘောပေါက်သည့်နှယ် ဆံပင်တို့ကိုအသာဖွပေးရင်းပြောလာသည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Où les histoires vivent. Découvrez maintenant