ep 59

13.8K 1K 161
                                    

Uni+Zaw

Uni

တစ်ကိုယ်ရည်သုံးပစ္စည်းအနည်းငယ်နှင့် ရှင်းလင်းနေသော ကိုကို့အခန်းသည် တစ်ပတ်အတွင်း အသုံးအဆောင်၊ ပရိဘောဂပစ္စည်းများနှင့် ပြည့်ကျပ်ရှုပ်ပွသွားသည်။အဓိကတရားခံမှာ ယံလေးကြောင့်ဖြစ်သည်။ကိုကို့အား အိမ်ပြန်လာဖို့အကြိမ်ပေါင်းများစွာပြောခဲ့ပေမဲ့ လက်မခံ။ဆိုင်ကိုပစ်ထားလို့မရဘူးဟုသာဆိုသည်။ဒါဆိုလည်း ဆိုင်အတွက် သီးသန့်ညစောင့်အိပ်ဖို့တစ်ယောက်ငှားပေးမယ်၊ ကိုကို့အသွားပြန်အပို့အကြိုအတွက်လည်း ကားတစ်စီးစီစဥ်ပေးမယ်ဆိုတော့လည်း ခါးခါးသီးသီး။ဒီလိုနဲ့ ကိုကိုအိမ်ပြန်လာဖို့အရေး ဦးလေးနှင့်ဒေါ်ကြီးကိုအကူညီတောင်း မျက်ရည်ခံထိုးအသနားခံခိုင်းသော်လည်း ကိုကိုကအသည်းမာသူကြီးလုပ်ပြနေတော့ခက်သည်။

သို့ဖြစ်၍ကိုကိုနဲ့အတူနေချင်လွန်းတဲ့ ယံလေးကပဲနောက်ထပ်အကြံဥာဏ်တစ်ခုထပ်ထုတ်ကာ ကိုကို့ဆိုင်နဲ့အနီးဆုံးမှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတစ်ခုဝယ်ပြီး အတူတူနေကြမယ်ဆိုတော့လည်းမဟုတ်ပြန်။ပိုက်ဆံရှိတိုင်း အပိုမဖြုန်းတီးရန်သာ ဆုံးမစကားနာယူလိုက်ရသည်။နောက်ဆုံး ကိုကိုနဲ့အတူနေမည်ဟု ခိုင်မာစွာသံဓိဌာန်ချထားသော ယံလေးအတွက် ကိုကို့အိပ်ခန်းကျဥ်းကျဥ်းလေးတွင်သာ ဇွတ်အတင်းကပ်နေလိုက်တော့သည်။

အခန်းကျဥ်းလေးမို့ နှစ်ယောက်အတူနေဖို့အဆင်မပြေဘူးဟု ကိုကိုစကားဆိုသေးမဲ့လည်း အထုပ်ပိုး အပြည့်နှင့် " ကိုကိုရေ.....ကျွန်တော်အိမ်ပေါ်ကဆင်းလာခဲ့ပြီ " ဆိုပြီးထပ်ခိုးခန်းဆီတက်သွားသောယံလေးကိုလည်း မဟန့်တားခဲ့ပါ။ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုနှင့်အတူနေရရေး ဒို့အရေးလုပ်နေသော ယံလေးရည်ရွယ်ချက်ကြီးအောင်မြင်သွားပြီဖြစ်၍ ပျော်ရွှင်နေမိသည်မှာအမှန်။

အိပ်ရာနိုးနေပြီဖြစ်သော်လည်း မထသေးဘဲနှစ်ယောက်အိပ်မွေ့ရာထက် ဟိုလှိမ့်ဒီလှိမ့်နှင့် ယံလေးအပျင်းဆွဲနေမိသည်။ကိုကို့ဆီမှာလာနေပြီဆိုတော့ တစ်ယောက်အိပ်မွေ့ရာလေးတွင် နှစ်ယောက်အိပ်ဖို့ကရေရှည်မှာအဆင်မပြေ။အဆင်မပြေဆိုသည်မှာလည်း ယံလေးအတွက်ကအဆင်ပြေပါသည်။ ကိုကိုနှင့်ပူးပူးကပ်ကပ်အိပ်ရတာပိုတောင် သဘောကျသေး ကိုကိုအဆင်မပြေမှာစိုးလို့သာ။Super Market သွားပြီးတစ်ယောက်အိပ်မွေ့ရာ ဆင်တူနှစ်ခုဝယ်တော့ ကိုကိုကနှစ်ယောက်အိပ်တစ်ခုပဲဝယ်ရန်ပြောသည်။အိုးဟိုး.......ဒါမျိုးကတော့ ယံလေးချက်ချင်းခေါင်းညိတ် လက်ခံပစ်လိုက်သည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Où les histoires vivent. Découvrez maintenant