ep 50

16.1K 1K 135
                                    

Uni+Zaw 

Uni

" ကျွန်တော်ဒီမှာအိပ်မယ်နော် ကိုကို "

ည ၁၁ နာရီထိုးဆိုင်ကိုရောက်ချလာပြီး ပြောလာသောယံလေး။မျက်နှာမှဒဏ်ရာများမှာအတော်အတန်သက်သာနေပြီဆိုပေမယ့် တစ်ချို့နေရာများတွင်ညိုမဲဖူးယောင်နေဆဲ။

" မင်းအိမ်မှာမအိပ်ဘဲ ဘာလို့ဒီမှာအိပ်မှာလဲ? "

" အိမ်မှာအိပ်ရင် အိပ်မပျော်လို့။ကျွန်တော့်မျက်နှာကဒဏ်ရာတွေကိုလည်းဆေးထည့်ပေးပါဦး။ကိုကိုဆေးလိမ်းပေးရင်တကယ်သက်တာမလို့ "

ဟိုတစ်နေ့ညက ယံလေး၏အသစ်ပြန်စရအောင် ဟူသောစကားကိုငြင်းဆိုလိုက်တုန်းကဒီမျက်နှာမဟုတ်ပါဘူး။ကောင်ကင်ကြီးတစ်ခုလုံးပြိုကျတော့မတတ်ညှိုးငယ်သွားသောမျက်နှာနှင့်။အခုတော့အဲ့နေ့ကနှင့်လားလားမှမဆိုင်။လုပ်ချင်တာလုပ်မယ်ဆိုသောကလေးတစ်ယောက်လိုပြုံးဖြီးလို့။

" ကျွန်တော့်ကိုနှင်မထုတ်ပါနဲ့နော်.....ဒီမှာပဲအိပ်ပါရစေ "

သနားကမားရုပ်လေးနှင့်ဆိုလာသောယံလေး။ဘုန်းပြည့်စုံဦးတစ်ချက်ပြုံးလိုက်ရင်း

" အင်းပါ။မင်းအဆင်ပြေတယ်ဆိုရင်အိပ်ပေါ့။ ငါ့အတွက်ဘာမှအပန်းမကြီးဘူး "

" Yesss!! မျက်နှာကိုလည်းဆေးထည့်ပေးဦးနော် ကိုကို "

" အင်း....ငါဆေးသေတ္တာသွားယူလိုက်ဦးမယ်။ညစာရောစားပြီးပြီလား? မစားရသေးရင်ငါတစ်ခုခုလုပ်လိုက်မယ်လေ "

" ရတယ်ကိုကို။ ကိုကိုအလုပ်ရှုပ်နေမယ်။ ကျွန်တော်စားခဲ့ပြီ။ "

ထို့နောက် ဘုန်းပြည့်စုံဦးသည်ဆေးသေတ္တာပုံးနှင့်အတူ စောင်၊ခေါင်းအုံးပါတစ်ခါတည်းယူလာပြီးယံလေးဆီပြန်ရောက်လာသည်။ယံလေးသည် မျက်နှာကိုမော့ကာဆေးထည့်ဖို့အဆင်သင့်။မျက်လုံးတောင်မှိတ်ထားပေးလိုက်သေးသည်။တကယ်တတ်လည်းတတ်နိုင်တဲ့ဟာလေး။ဒဏ်ရာများမှာစတွေ့တဲ့နေ့ကထက်စာရင်အများကြီးသက်သာနေပြီဆိုပေမယ့် ဘုန်းပြည့်စုံဦး စိတ်ရှည်လက်ရှည်နှင့်ဂရုတစိုက်ဆေးထည့်ပေးသည်။ယံလေးနှင့်သူသည် အခုချိန်တွင်တစိမ်းတရံတွေဖြစ်နေပြီဆိုတာသိပေမယ့် ငယ်စဥ်ကတည်းကဂရုစိုက်ပြုစုစောင့်ရှောက်ခဲ့ရသော ဒီကောင်လေး၏ဖြူဖြူနုနုမျက်နှာပေါ်တွင် တစ်စုံတစ်ရာသောအမာရွတ်သေးသေးလေးတောင် မကျန်စေချင်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Where stories live. Discover now