Uni+Zaw
Uni
" ဘွား! သား ကိုကို့ ကိုလက်ထပ်ချင်တယ် "
မြေးဖြစ်သူယံလေး၏ ရုတ်တရက်ဆိုလာသော စကားကြောင့် ဒေါ်ထိပ်ထားအံ့သြသွားသည်။
" ဘယ်သူ့ကိုပြောတာလဲ ယံလေး "
" ဘယ်သူရှိရမှာလဲ။ကိုကိုလေ....ကိုကို ဘုန်းပြည့်စုံဦး။သား သူ့ကိုချစ်တယ်။သူနဲ့လက်ထပ်ချင်တယ်ဘွား "
ကြောက်ရွံ့ စိုးထိတ်ဟန်မရှိ ပြတ်ပြတ်သားသားဆိုလာသော ယံလေးစကားတွင် ဒေါ်ထိပ်ထားဘာပြောရမှန်းမသိ။မိမိမြေးက ဘယ်တုန်းက ယောက်ျားချင်းကြိုက်တတ်သွားတာလဲ?ကြိုက်တော့လည်း အိမ်မှာခိုင်းနေတဲ့ အလုပ်သမားကောင်လေးကိုတဲ့လား။အတွေးများနှင့်ဆွံ့အနေပေမယ့် ယံလေးကဆက်ပြီး-
" ဘွားအခုကျွန်တော်ဘယ်တုန်းက gay ဖြစ်သွားလဲတွေးနေတာမလား။ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် gay လား မ gay လားတော့မသိဘူး။ဒါပေမဲ့ သေချာတာတစ်ခုကတော့ကိုကို့ ကိုအရမ်းချစ်တယ်။ဒီစကားက အပြောင်အပျက်သဘောမျိုးခဏတာစိတ်ကစားလို့ပြောနေတာမဟုတ်ဘူးနော်။ကျွန်တော်အလေးနက်ထားပြီးအတည်ပြောနေတာ။ကိုကို့ ကိုကျွန်တော်လက်ထပ်ချင်တယ် "
ကိုကို့အပေါ်ဘယ်အချိန်ကစပြီး ဒီလိုမရိုးမသားခံစားချက်တွေရှိသွားမှန်းသူသတိမထားမိပေမယ့် ငယ်စဥ်ကတည်းက ကိုကို့တစ်ယောက်တည်းကိုပဲကြည့်ပြီးရှင်သန်ခဲ့ရသည်။ကိုကို့ရဲ့ ဂရုစိုက်မှု၊အလေးထားမှု၊အလိုလိုက်ကြင်နာမှုတွေကို သူတစ်ယောက်တည်းသာ ရယူချင်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ခွဲဝေမပေးနိုင်။
ဘုန်းပြည့်စုံဦး တက္ကသိုလ်တက်တုန်းကအိမ်ကို စာလုပ်ဖို့သူငယ်ချင်းတွေခေါ်လာသည့်ထဲတွင် မိန်းကလေးသူငယ်ချင်းများပါလာခဲ့လျှင် ကိုကို မရှိချိန် ယံလေးသည် ထိုမိန်းကလေးများကို ကိုကိုနဲ့မပတ်သက်ဖို့၊နောက်တစ်ခါဒီအိမ်ကိုလိုက်မလာဖို့ပြောလွှတ်တတ်သည်။ကိုကိုကစာတွင်ပဲအာရုံစိုက်နေလို့ ဘာမှမသိပေမယ့် စတိတ်ကျောင်းသားယံလေးကတော့ ကိုကို့ ကိုချဥ်းကပ်ချင်တဲ့မိန်းကလေးတွေကိုသိသည်။
BẠN ĐANG ĐỌC
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်