Uni + Zaw
Uni
လက်ကအနာအရှိန်ရယ်၊ဒီကြားထဲပင်ပန်းထားတဲ့ဒဏ်တွေကြောင့် ယံလေးဖျား၍ ကိုကို့ဆိုင်သို့တစ်ပတ်လောက်မသွားနိုင်ခဲ့။Company ကိုတော့ပျက်လို့မဖြစ်၍ နေ့တိုင်းသွားရသည်။ရုံးကအပြန် ညနေကိုကို့ဆိုင်တွင်ဝင်လုပ်ရန် စိတ်ကရှိပေမယ့်ကိုယ်ကမလိုက်နိုင်။ထို့ကြောင့်အိမ်ပြန်ပြီးတစ်ပတ်လောက်နားလိုက်ရသည်။၆ လလည်းပြည့်တော့မည်ဖြစ်၍နေ့ရက်တိုင်းကသူ့အတွက်တန်ဖိုးရှိသည်။ကိုကို့ဆိုင်သို့မသွားဖြစ်သောနေ့များအားနှမြောလှသည်။ဒီနေ့တော့နေကောင်းသက်သာသွားပြီဖြစ်၍ ရုံးအပြန်ကိုကို့ ကိုတွေ့ရဖို့တက်ကြွနေသည်။
ဆိုင်ရောက်တော့ဖိုးလုံးအပါအဝင် အခြားဝန်ထမ်းများကပါ သူ့အား'နေကောင်းသွားပြီလား' ' အဆင်ပြေလား ' 'သက်သာလား' စသဖြင့်ဂရုတစိုက်မေးကြသည်။ကိုကို့ကိုမတွေ့ရ၍ ဖိုးလုံးကိုမေးတော့အပြင်ခဏထွက်သွားသည်ဟုဆိုသည်။တွေ့ချင်နေသောသူကိုမတွေ့ရ၍ အနည်းငယ်စိတ်ပျက်မိသော်လည်း ညဆိုင်သိမ်းလျှင်လက်ကဒဏ်ရာကိုအကြောင်းပြပြီး ဒီမှာအိပ်ရန်တေးထားလိုက်သည်။ပြီးလျှင် ၆လပြည့်ပြီးလည်း အလုပ်မထွက်ရဖို့ ကိုကို့ကိုသေချာလေး လက်ခံလာအောင်ပြောရမည်။သူလက်ထိခိုက်မိတဲ့နေ့က ကိုကို့ပုံစံကြည့်ရတာ သူ့ကိုဆက်ပြီးလက်ခံလောက်ပါသည်။လိုအပ်လျှင်ဖိုးလုံးကိုပါ စစ်ကူခေါ်ရမည်။မီးဖိုချောင်ထဲရှိဘေစင်တွင် ပန်းကန်များဆေးနေတုန်း ကိုကိုကရုတ်တရက်ကြီးရောက်ချလာသည်။ဝမ်းသာအားရခေါ်မည်အပြု-
" မင်းနဲ့စကားပြောစရာရှိတယ်။ငါ့နောက်လိုက်ခဲ့ "
ပြောပြီးသူ့ရှေ့မှထွက်သွား၍ ယံလေးလည်းလက်ဆေးပြီးကိုကို့အနောက် ကမန်းကတန်းလိုက်သွားရသည်။ထူးထူးခြားခြားကိုကိုက ဆိုင်အပြင်ထိထွက်သွား၍ ယံလေးမှာအကြောင်သား။ပြီးမှတစ်စုံတစ်ခုကိုသတိရကာ အနည်းငယ်လန့်မိသည်။ကိုကိုသည် ဆိုင်အနောက်ဘက်ရှိ လမ်းကြားလေးထိလမ်းလျှောက်သွားသည်။ကျဥ်းမြောင်းသောကြားလမ်းလေးဖြစ်သဖြင့် လူသွားလူလာလည်းရှင်းနေသည်။တစ်နည်းအားဖြင့်သူတို့နှစ်ယောက်တည်းသာရှိသည်။
BINABASA MO ANG
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်