ep 49

14.1K 1K 120
                                    

Uni + Zaw

Uni

မီးဖိုချောင်ထဲတွင် Apron အဖြူရောင်ကိုသေသပ်ကျနစွာဝတ်ဆင်ထားသော ဘုန်းပြည့်စုံဦးသည် ချက်ပြုတ်ခြင်းနှင့်ပတ်သက်သောကိစ္စဝိစ္စများကိုမလုပ်နိုင်။အနက်ရောင် စမတ်ဖုန်းလေးအားလက်နှစ်ဖက်နှင့်ဆုပ်ကိုင်လျှက် စူးစိုက်ကြည့်နေသည်။ပတ်ဝန်းကျင်လည်းသတိမထားမိ စိတ်အာရုံအစုံကဖုန်းမျက်နှာပြင်တွင်သာရောက်ရှိနေသည်။အကြောင်းမှာ ခရီးစထွက်တဲ့နေ့ကတည်းက ယံလေးပို့သော messages များကိုအကြိမ်ကြိမ်အခါခါပြန်ဖတ်နေမိခြင်း။

' ကိုကို ကျွန်တော်တို့ခရီးစထွက်နေပြီ။စိတ်မပူနဲ့နော် ကျွန်တော်အနောက်မှာတစ်ယောက်တည်းထိုင်တာ။ကိုနိုင်းနဲ့အတူထိုင်တယ် ထင်နေမှာစိုးလို့ '

' နေ့လည်စာထမင်းစား ဆိုင်တစ်ဆိုင်မှာဝင်နားဖြစ်တယ်ကိုကို။ ကိုနိုင်းနဲ့လမ်းမှာအလုပ်ကိစ္စကလွဲလို့ ကျန်တာထွေထွေထူးထူးသိပ်မပြောဘူး ကိုကို '

' Hotel ရောက်ပြီ။ကျွန်တော်နားဖို့အခန်းကို ကိုနိုင်းအခန်းမရှိတဲ့အထပ်ကအခန်းကို ယူလိုက်တယ်။ကိုကိုသဘောမကျတဲ့သူနဲ့ နီးနီးကပ်ကပ်မနေချင်လို့။ '

' ဒီနေ့မနက်အစောထပြီး project မြေနေရာတွေလိုက်ကြည့်နေတယ်ကိုကို။ ကိုနိုင်းနယ်ခံအသိတွေရှိတော့အဆင်ပြေပါတယ် '

' ကိုကိုရေ.....အလုပ်ကိစ္စအဆင်ပြေပါတယ်။အခက်ခဲတစ်ချို့ရှိပေမယ်လို့ပေါ့။ဟိုနှစ်ကောင် ကိုစိုင်းနဲ့လင်းမြတ်ကလည်းဘာမှအားမကိုးရဘူးဗျာ။ ကိုသူရနဲ့ ကိုနိုင်း ရှိလို့တော်သေးတယ်။တစ်နေကုန် site ထဲပြေးလွှားနေရတာမနားရသေးဘူး။ပင်ပန်းလို့ ကျွန်တော်စောစောအိပ်တော့မယ်နော် '

' ဒီမှာရာသီဥတုမပူဘူး အရမ်းသာယာတာပဲ။ကိုကိုနဲ့အတူလာချင်လိုက်တာ။ကိုကိုလိုက်ခဲ့ရင်ကောင်းမှာပဲ '

' ရန်ကုန်ကိုအမြန်ပြန်လာချင်လို့ အလုပ်တွေပြီးအောင်ကျွန်တော်ကြိုးစားနေတယ်။ကိုကို့ကိုအရမ်းလွမ်းနေပြီ...တစ်ပတ်ကလည်းကြာလိုက်တာဗျာ '

သုံးရက်အတွင်းယံလေးပို့သော messages များမှာဆယ်ချီ၏။ပို့သမျှ messages ရဲ့ငါးစောင်မှာ သုံးစောင်က ကိုနိုင်းဆိုတာပါသည်။ကိုနိုင်းနဲ့ အလုပ်ကိစ္စကလွဲလို့ ရင်းရင်းနှီးနှီးမနေဘူးပြောလို့သာတော်တော့သည်။တည်စေနိုင်းနဲ့ပတ်သက်မှုကို သူအထင်လွဲမှာစိုးလို့ရှင်းပြနေတာလား ဒါမှမဟုတ် တည်စေနိုင်းနဲ့ရင်းနှီးကြောင်းကိုသူသိအောင်တမင်ပြောပြနေတာလားတောင် မသဲကွဲတော့။'ကိုနိုင်း ကိုနိုင်း' နဲ့တစ်နိုင်းတည်းနိုင်းနေတော့သည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Место, где живут истории. Откройте их для себя