Uni + Zaw
Uni
ဦးကျော်ခေါင်၏ခြေလှမ်းများကိုစုံစမ်းနေတဲ့ကိစ္စရော၊ Company အတွက်ထိခိုက်ဆုံးရှုံးမှုတွေရှိလာခဲ့ရင် အစအဆုံးတာဝန်ယူပါမည်ဟုသူခေါင်းခံထားသောProject ကလည်းစနေပြီဖြစ်၍ ယံလေးအလွန်အလုပ်များနေသည်။ကိုကို့ဆိုင်မှအလုပ်ထွက်သွားပြီးနောက် အခုထိတစ်ခါလေးတောင်သွားမတွေ့ဖြစ်။အရမ်းသတိရလွန်းတဲ့အခါ Companyမှအပြန်ညဘက် ကိုကို့ထပ်ခိုးခန်းလေးကိုကားပေါ်မှမျှော်ကြည့်ခြင်းသာလုပ်နိုင်သည်။
Project အတွက် Budgetစာရင်းများစစ်နေတုန်း ဖုန်းသံမြည်လာသည်။ဖုန်းနံပါတ်ကြည့်တော့မသိတဲ့နံပါတ်ဖြစ်နေသည်။ယံလေးသည်လူတိုင်းကိုအလုပ်နှင့်ပတ်သက်သော ဒီဖုန်းနံပါတ်အားတော်ရုံပေးလေ့မရှိ။အထူးအဆန်းဖြစ်နေသော်လည်းဖုန်းကိုင်လိုက်သည်။
" Hello "
" ဝေယံငါအခုရန်ကုန်လေဆိပ်ရောက်နေပြီ လာကြို "
တစ်ဖက်မှပိုင်စိုးပိုင်နင်းပြောလာသောအသံကြောင့်ယံလေးတစ်မျိုးဖြစ်သွားသည်။သိချင်စိတ်နှင့်ပြန်မေးလိုက်တော့-
" ဘယ်သူလဲမသိဘူး "
" ဟမ်! ဘာကိုဘယ်သူလဲ!! ငါ့တောင်မမှတ်မိတော့ဘူးလား။မင်းဒီရောက်တာတာဘယ်လောက်ကြာသေးလို့ ငါ့အသံကိုမှတ်မိရတာလဲ။ဟက်! Ausi မှာတုန်းကတော့ငါ့မှာ မင်းကိုအများကြီးကူညီပေးခဲ့ရတာ။ကူညီရကျိုးမနပ်လိုက်တာ "
ထိုအခါမှတစ်စုံတစ်ခုကိုယံလေးမှတ်မိသွားသည်။
" ဟာ!! ကိုနိုင်း ဘယ်လိုဖြစ်ပြီးဒီကိုရောက်လာတာလဲ။ရုတ်တရက်ကြီးအကြောင်းမကြားဘာမကြားနဲ့ "
" အခုမှတ်မိပြီပေါ့။အဲ့တာဆိုလည်းငါ့ကိုလာကြို။ ကျန်တာနောက်မှပြော "
" ဟုတ်ကဲ့ ကိုနိုင်း ကျွန်တော်အခုလာခဲ့မယ် "
" အေး....မြန်မြန်လာခဲ့။ ဒါပဲ "
ယံလေး ကားသော့ယူပြီးချက်ချင်းထွက်လာခဲ့လိုက်သည်။လေဆိပ်ရောက်တော့ အထုပ်ပိုးတစ်ချို့နှင့် မျက်နှာရှုံ့မဲ့လျှက်စောင့်ဆိုင်းနေသူကိုတွေ့ရသည်။
ESTÁS LEYENDO
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်