ep 57

12.6K 945 244
                                    

Uni+Zaw

Uni

ရန်ကုန်မြို့ရှိ အဆင့်မြင့်စားသောက်ဆိုင်တစ်ခုအတွင်းသို့ တည်စေနိုင်းဝင်လိုက်သည်။ဆိုင်ထဲတွင်အတော်ကျယ်ဝန်းပြီး သီးသန့်အခန်းများနှင့် အပေါ်ထပ်လဟာပြင်တွင် Sky Bar လည်းရှိ၍ အောက်ထပ်တွင်လူရှုပ်မနေ။ညစာစားနေသော မိသားစုဝိုင်းတစ်ခုသာရှိနေပြီး ကျန်နေရာများတွင်လူမရှိ။အတော်လေးရှင်းနေသည်။ပတ်ဝန်းကျင်ကိုခေတ္တခဏ အကဲခတ်ပြီးနောက် ပြတင်းပေါက်နှင့်ကပ်လျက်နေရာတွင် တည်ရှိနေသော ကျောပြင်လေးတစ်ခုကသူ့ရင်ကိုအဆမတန်ခုန်လာစေသည်။အလျင်အမြန်ပြေးသွားလိုက်ရင်း-

" Sorry ကိုဘုန်း။ကျွန်တော်အရမ်းနောက်ကျသွားလား? အိမ်ကနေအချိန်မီထွက်လာခဲ့တာ။လမ်းမှာကားတွေကျပ်နေတာနဲ့...... "

ပြောလည်းပြော ကိုဘုန်းနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

" မင်းလာတာ နောက်မကျပါဘူး။ငါကစောရောက်နေလို့ "

မြန်မာနိုင်ငံကိုရောက်စ ကိုဘုန်းနှင့်တွေ့စဥ်က အနည်းငယ်ရှည်နေသောဆံပင်ကို ကိုဘုန်းသည် အတိုညှပ်ထားသည်။ ဆံပင်ခပ်တိုတို အဖြူရောင်အကွက်ဆွယ်တာနှင့် အလွန်ပင်ရှင်းသန့်ပြီး ကြည်လင်အေးချမ်းနေသည်။ဆံပင်ညှပ်ထားသောကြောင့် ပိုမိုထင်ပေါ်နေသော မျက်နှာလေးသည် တည်စေနိုင်းအတွက် ကြည့်မဝချင်စရာ။ဒီလူသားသည် ချောသည်၊လှသည် ဆိုတာထက် တည်ကြည်ခန့်ညားပြီးကျက်သရေရှိနေတာမျိုး။

" ကိုဘုန်း အတွက်လက်ဆောင် "

အသင့်ယူလာသော သေချာထုပ်ပိုးပြင်ဆင်ထားသည့် ဝိုင်ပုလင်းပါဗူးအား ကမ်းပေးလိုက်သည်။

" သြော်......အေး။ ကျေးဇူးပါကွာ "

သူပေးသော လက်ဆောင်ကို ကြည်ကြည်ဖြူဖြူလက်ခံပေးတော့ တည်စေနိုင်းအလွန်ဝမ်းသာသွားသည်။ဒါ.....ကိုဘုန်းအတွက် သူ့ရဲ့ပထမဦးဆုံးလက်ဆောင်လေး။

" တည်စေနိုင်း  မင်းကြိုက်တာမှာနော်။ကြိုမှာထားရင် မင်းမကြိုက်တာတွေဘာတွေရှိနေမှာစိုးလို့။ အားမနာနဲ့ စားချင်တာအကုန်မှာ။ငါဝယ်ကျွေးမှာ "

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Donde viven las historias. Descúbrelo ahora