ep 37

14.5K 1.2K 224
                                    

Uni+Zaw

Uni

ဖိုးလုံး ပေးတဲ့လိပ်စာအတိုင်း တိုက်ခန်းရှေ့ရောက်တော့ ဘုန်းပြည့်စုံဦး ကားရပ်လိုက်သည်။မနက်ခင်း ၁၀ နာရီဆိုင်မဖွင့်ခင်order မှာထားသည်များကိုလိုက်ပို့နေခြင်းဖြစ်သည်။စားသောက်ဆိုင်လေး ရေရှည်ရပ်တည်နိုင်ဖို့အတွက်ဆိုရင် ဆိုင်ရဲ့ရောင်းအားတစ်ခုတည်းနှင့်မရပ်တည်နိုင်။Facebook တွင် ' Perfect Foods & Drinks ' ဆိုတဲ့Page ဖွင့်ထားပြီး နေ့တိုင်းအမှာorder များကိုလက်ခံချက်ပြုတ်ပေးသည်။တစ်ခါတစ်ရံ အလှူပွဲ၊မွေးနေ့ပွဲများအတွက် ရာချီသော ကြက်ဆီထမင်း၊ထောပတ်ထမင်းစသည်များကိုလည်း ချက်ပြုတ်ရသည်။သူ့ဆိုင်က တစ်နေ့လျှင် မနက်၊နေ့လည် နှစ်ကြိမ် order အမှာများကိုလက်ခံသည်။မနက်ခင်း order များကိုဘုန်းပြည့်စုံဦး ကိုယ်တိုင်Delivery ပို့ပြီး၊ နေ့လည်ကိုတော့ဖိုးလုံး သို့မဟုတ် မျိုးသက်နောင် ကလိုက်ပို့သည်။

လက်တစ်ဖက်က Sandwich ဆယ်ပွဲအထုပ်ကိုဆွဲပြီး ကျန်တစ်ဖက်က Milk Tea ဆယ်ခွက်စာအပူခံဘူး ကိုဆွဲလာသည်။ဓာတ်လှေကားအတိုင်းတက်လာပြီး လေးလွှာ အခန်းနံပါတ်(.....) ရှေ့ရောက်တော့ Bell တီးလိုက်သည်။

' တင်း....တောင် ' ' တင်း....တောင် '

နှစ်ကြိမ်မြောက် bell တီးပြီးသည်အထိ အထဲကဘာသံမှမကြား။

" မှာထားတဲ့ မုန့်လာပို့တာပါခင်ဗျာ! အိမ်ရှင်ရှိပါသလား? "

" လာပြီ.....လာပြီ "

ထိုအခါမှအထဲကပြန်ဖြေသံကိုကြားရသည်။

" Perfect Foods & Drinks ကorder မှာထားတဲ့မုန့်လာပို့တာပါခင်ဗျာ "

တံခါးဖွင့်ပြီး ထွက်လာတဲ့သူဆီ လက်ထဲမှအထုပ်များကမ်းပေးရင်း ဘုန်းပြည့်စုံဦးပြောလိုက်သည်။

" ဟုတ်ကဲ့၊ ကျွန်တော်အထဲမှာ Ph ပြောနေလို့နည်းနည်းကြာ....... "

မျက်နှာချင်းဆိုင်တွေ့လိုက်ရသော မြင်ကွင်းကြောင့်ဘုန်းပြည့်စုံဦး အံ့သြမှင်သက်သွားသည်။သူ့နည်းတူ တစ်ဖက်မှာလည်းစကားပင်ဆုံးအောင်မပြောနိုင် ပါးစပ်အဟောင်းသားနှင့်အတောင့်လိုက်ကြီးရပ်နေသည်။သေချာသည်၊ သူ့မျက်လုံးတွေမမှားဘူး။အခုသူ့ရှေ့မြင်နေရတာ ယံ....ယံလေးမလား? ဝိုင်းစက်နေသောမျက်လုံးဖြစ်ပေမယ့် စူးရှပြတ်သားနေသည့်အကြည့်တွေ။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Donde viven las historias. Descúbrelo ahora