Uni + Zaw
Uni
" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာစက်ပိတ်ထားပါသဖြင့်ခေါ်ဆို၍မရနိုင်ပါရှင် " ဖုန်းခေါ်နေတာ ၁၀ ခါအထက်ရှိပြီ။ည 11 နာရီဆိုတော့အိပ်များအိပ်ပျော်နေလို့လား။ဒါပေမယ့်ဒီအချိန်က ယံလေးအိပ်တတ်တဲ့အချိန်မှမဟုတ်တာ။
အိမ်ပြန်မလာတာလည်းတစ်ပတ်ကျော်နေပြီ။Company ကိုလည်းရောက်မလာ၍ ဘုန်းပြည့်စုံဦးမှာ ရုံးတွင်ကြည့်ကောင်းအောင်ပြောထားရသေးသည်။အရင်က ယံလေးသည် သူနဲ့ ဘယ်လောက်စကားများရန်ဖြစ်ပါစေအိမ်ကထွက်သွားတာမျိုးမရှိ။
" ပေးတာယူ ကျွေးတာစားပြီးကိုယ့်ဘဝနဲ့ကိုယ်နေစမ်းပါ " ဟူသောယံလေးစကားက ကျွန်တော့်ရင်ကိုနာကျင်စေသည်။ကျွန်တော်က ဟိုအရင်တုန်းကလို ဒီအိမ်မှာကပ်နေရတဲ့အလုပ်သမားမဟုတ်တော့ဘူးလေ။ ယံလေးရဲ့အိမ်ထောင်ဖက်ယောက်ျား၊ မိသားစုဝင်တစ်ဦးဖြစ်နေပြီ။ဒီလိုစကားမျိုးကတော့ ဘယ်လိုအခြေနေမျိူးဖြစ်နေပါစေကျွန်တော့်ကိုလုံးဝမပြောသင့်ဘူးဟုထင်သည်။
ယံလေးဒေါသထွက်လို့ပြောလိုက်တာပါ၊ စိတ်ထဲကပါလို့မဟုတ်ပါဘူးလို့ ကြိတ်မှိတ်နှလုံးသွင်းပေမယ့်ရင်ထဲမှာတော့ အောင့်သက်ဆို့နစ်နေဆဲဖြစ်သည်။ထို့ကြောင့် ယံလေး ကိုစိုင်းရဲ့တိုက်ခန်းမှာရှိနေမှန်းသိပေမယ့်သူသွားမခေါ်ဖြစ်။ တစ်ပတ်လုံးဖုန်းလည်းစ မဆက်ဖြစ်။
သို့ပေမယ့်တစ်ပတ်ကျော်ကြာသည်အထိယံလေးအဆက်သွယ်မလုပ်လာတော့သူစိတ်ပူမိသည်။အရက်တွေသောက်စားမူးယစ်နေမလား၊ လောင်းကစားဝိုင်းတွေများရောက်နေမလားသူတွေးပူသည်။ယံလေးသည် ဆယ်ကျော်သက်ကလေးတစ်ယောက်မဟုတ် အသက် ၂၀ကျော်လူကြီးတစ်ယောက်ဖြစ်နေပြီဆိုပေမယ့်လည်း
လမ်းမှားရောက်သွားမှာကိုသူအလွန်စိုးရိမ်သည်။
မဖြစ်ပါဘူးလေ၊ နောက်တစ်ရက် နှစ်ရက်ထိမဆက်သွယ်လာဘူးဆိုရင်တော့ သူ ယံလေးကိုသွားခေါ်မှဖြစ်တော့မည်။××××××××××××××××××
အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်နေပေမယ့် စိတ်ကအလုပ်ပေါ်တွင် လုံးဝဥဿုံရှိနေသည်မဟုတ်။ယံလေးဆီပဲ စိတ်ကရောက်ရောက်နေသည်။ညကလည်း စက်ပိတ်ထားတဲ့ဖုန်းကိုစိတ်ပေါက်ပေါက်နှင့် ဆက်တိုက်ခေါ်နေမိ၍ တော်တော်နှင့်အိပ်မပျော် ညဥ့်နက်မှအိပ်ပျော်သွားသည်။
YOU ARE READING
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်