ep 35

15.3K 1.1K 188
                                    

Uni+Zaw

Uni

တဖြူးဖြူးတိုက်ခတ်နေသောလေနှင့်ရော၍ ပါလာသောနှင်းငွေ့၊နှင်းမှုန်များကို ဘုန်းပြည့်စုံဦး တစ်ဝကြီးရှုရှိုက်လိုက်သည်။အေးချမ်းလှသောဒီလိုသဘာဝအလှတရားများကို မခံစားရတာဘယ်လောက်ကြာနေပြီလဲ။မွန်းကျပ်စရာကောင်းသောပတ်ဝန်းကျင်တွင် နာကျင်စရာအဖြစ်အပျက်တွေနဲ့ အတ္တကြီးတဲ့လူတွေကြားမှာသူရှင်သန်ခဲ့ရသည်။ကိုယ့်ဘက်ကပဲတစ်ဖက်သတ်ခေါင်းစဥ်တပ်ခဲ့ရသော မိသားစုဆိုတဲ့ဝေါဟာရကိုလည်းစွန့်လွှတ်လိုက်ပြီ။

ဖောက်ပြန်မှုဆိုတဲ့ အသွားထက်လှသောဓါးတစ်လက်ကြောင့်ရရှိခဲ့သည့်ဒဏ်ရာကိုသူဆက်ပြီးတောင့်ခံနိုင်စွမ်းမရှိသလို သည်းခံနိုင်စွမ်းလည်းလုံးဝမရှိတော့။နောက်ကျောမှာစိုက်နေတဲ့ဓါးကို ကိုယ်တိုင်ဆွဲနှုတ်ပြီးအဝေးကိုထွက်ပြေးဖို့သူဆုံးဖြတ်လိုက်သည်။ယံလေးနဲ့ဝေးတဲ့နေရာ၊အတ္တ မာန၊နာကျင်မှုတွေနဲ့အဝေးဆုံးနေရာတစ်ခုမှာ အေးအေးချမ်းချမ်းသာရှင်သန်ချင်တော့သည်။

အဖေနဲ့အမေဆုံးပါးသွားတဲ့အချိန်တုန်းကလို လူ့လောကအလယ်တွင် တစ်ယောက်တည်းကျန်ခဲ့ပြီ၊ဘယ်သူမှမရှိတော့ဘူးလို့တွေးမိသည့်အချိန်တိုင်း ဘယ်သူ့မှငဲ့ကွက်စရာမရှိ ကိုယ့်ဘဝကိုစိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ရှင်သန်လို့ရပြီဆိုသည့်အတွေးနှင့်ပြန်လည်ဖြေသိမ့်ရသည်။ယံလေးကွန်ဒိုရှေ့မှာသတိမေ့လဲပြီး ဆေးရုံရောက်သွားသည့်အချိန် အဝေးတစ်နေရာကို အမြန်ထွက်သွားလို့ရပေမယ့် သူနဲ့ပတ်သက်သည့်ကိစ္စအားလုံးကိုအပြီးဖြတ်ချင်၍ ခဏစောင့်နေခဲ့သည်။ဒီအတိုင်း တစ်နေရာရာကိုခဏရှောင်ပြီးထွက်သွားလိုက်ရုံနဲ့ ပြီးပြတ်သွားမည့်ကိစ္စမဟုတ်မှန်း ဘုန်းပြည့်စုံဦး သဘောပေါက်လိုက်သည်။

လားရှိုးမြို့၏အေးချမ်းလတ်ဆတ်လှသောတောင်ပေါ်လေက သူ့စိတ်ကိုကြည်လင်စေသည်။ဒေါသမရှိ၊အတ္တ မာန်မာနတွေလည်းမရှိ။ရန်ကုန်မြို့ ဆိုင်ကောင်းကောင်းမှာစျေးကြီးပေးပြီးသောက်ရသည့် ကော်ဖီမဟုတ်ပေမယ့် ရိုးရိုး၂၀၀ တန်နှပ်ကော်ဖီအမှုန့်ထုပ်ကို စစ်ပြီးသကြားနှင့်ဖျော်ထားသည့် ခပ်ပေါ့ပေါ့ကော်ဖီတစ်ခွက်ဖြစ်နေသော်လည်း အကောင်းဆုံး ကော်ဖီတစ်ခွက်ကိုသောက်နေရသလို သူခံစားရသည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Donde viven las historias. Descúbrelo ahora