ep 63

13.3K 894 120
                                    

Uni+Zaw

Uni

တိတ်ဆိတ်ငြိမ်သက်သောအစည်းဝေးခန်းမအလယ်တွင် ဦးကျော်ခေါင်မျက်နှာမဖော်ရဲလောက်အောင်ဖြစ်နေသည်။

" ဒီလောက်သက်သေအချက်အလက်တွေတိကျနေတာ! ခင်ဗျားဘာငြင်းချင်သေးလဲ!! "

" Company ကနေအလွဲသုံးစားလုပ်သွားတဲ့ငွေတွေရော! ဘယ်လိုဖြေရှင်းပေးမှာလဲ? "

" အခုချက်ချင်း ခင်ဗျားရဲ့နိုင်ငံခြား Bank Account ထဲကငွေကို Company စာရင်းထဲချက်ချင်းပြန်လွှဲပေးပါ!! "

" ဘာမှမပြောဘဲငြိမ်မနေနဲ့ တစ်ခုခု​ပြောဦး! ငြိမ်နေလည်း ခင်ဗျားလုပ်ရပ်ကိုဘယ်သူမှခွင့်မလွှတ်ဘူး! "

ရှယ်ယာရှင်လူကြီးများ၏ တစ်ယောက်တစ်ပေါက်ဆူညံအော်ဟစ်သံများကြားတွင် ဦးကျော်ခေါင်ပြောစရာစကားမရှိ။နောက်ပြီး ကြောက်စရာအကောင်းဆုံးက ဝေယံမင်းခန့်အကြည့်တွေ။တည်ငြိမ်အေးစက်နေသော မျက်ဝန်းတွေက နေရာတွင်ပင်သူ့ကိုအငွေ့ပျံပျောက်ကွယ်သွားစေနိုင်သည့်အလား။

" မင်း!..... မင်း! ဒီသက်သေတွေဘယ်ကရတာလဲ? ဝေယံမင်းခန့်!! "

" ဒီလိုမေးပြီဆိုကတည်းက ခင်ဗျားဝန်ခံလိုက်တာပဲ။အခုချက်ချင်း Company Budget ထဲကနေအလွဲသုံးစားလုပ်သွားတဲ့ပိုက်ဆံ အကုန်ပြန်လွှဲပေးပါ "

ဦးကျော်ခေါင်တိတ်ဆိတ်နေမြဲဖြစ်သည်။ဟက်!.... ဝေယံမင်းခန့် တစ်ချက်ပြုံးလိုက်ရင်း-

" မလွှဲနိုင်ဘူးဆိုရင် ခင်ဗျားဝင်ထားတဲ့ရှယ်ယာကို Company ပိုင်အဖြစ်သိမ်းတယ်။ပြီးရင် Royal Khant ကနေထွက်သွားပါ။ဒီနေ့ကစပြီး ဦးကျော်ခေါင်က Royal Khant နဲ့ဘာမှမသက်ဆိုင်တဲ့သူဖြစ်သွားပြီ "

Shine နိုင်ငံခြားကိုရောက်ပြီးကတည်းက ယံလေးရော ဘုန်းပြည့်စုံဦးပါ အချိန်ကောင်းကိုစောင့်နေခဲ့သည်။သိပ်မကြာသေးခင်ရက်ကမှ ဦးကျော်ခေါင်၏ ဆေးအရောင်းအဝယ်တစ်ခုတွင် လူယုံသစ္စာဖောက်၍ Royal Khant ကနေအလွဲသုံးစားယူထားသော ပိုက်ဆံများကိုပေးလျော်လိုက်ရသည်။မလျော်လို့လည်းမရ။ မလျော်ရင် ဦးကျော်ခေါင်ကိုဒီအချိန်တွင် အသက်ရှင်လျှက်ပင်မြင်ရတော့မည်မဟုတ်။ပစ္စည်းများဆုံးရှုံးသွားသောတစ်ဖက်ဂိုဏ်းက သူ့အသက်ကိုနှုတ်ယူလိမ့်မည်။ထိုအခြေနေကပဲ ဦးကျော်ခေါင်ကို Royal Khant ကနေ မောင်းထုတ်ဖို့ အခွင့်သာသွားခဲ့သည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Donde viven las historias. Descúbrelo ahora