ep 55

14.2K 970 222
                                    

Uni+Zaw

Uni

ကားပေါ်မှဆင်းဆင်းချင်း မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် ဘုန်းပြည့်စုံဦး အံ့သြတုန်လှုပ်သွားသည်။စက္ကန့်များအတော်ကြာသည်အထိ ရင်ထဲတွင်တင်းမာနေပြီး ဘာမှခံစားလို့မရ။တစ်ကိုယ်လုံးအေးစက်ပြီး ခြေတွေလက်တွေပင်တုန်လာသည်။ဘေးပတ်ဝန်းကျင်ကို စူးစမ်းအကဲခတ်ကြည့်မိတော့ သူနှင့်ရင်းနှီးသောနေရာတစ်ခုမှန်းအတပ်သိလိုက်၏။ထို့နောက် သူ့ရှေ့တွင်ရှိနေသည်ကို မျက်စိတစ်ဆုံးအကြည့်ပြန်ရောက်သည့်အခါ ဘာမှမပြောနိုင်လောက်အောင်ထိ ထိတ်လန့်ဆွံ့အနေမိသည်။ " မေတ္တာစေရာ အထက်တန်းကျောင်း " ဟူသောခေါင်းစီးစာလုံးကြီးအပေါ်တွင် 'ဦးဘုန်းပြည့်စုံဦး+ဦးဝေယံမင်းခန့်' ကောင်းမှုဟူသောခပ်သေးသေးစာတန်းလေး။

ဘာတွေလဲ?! သူအိပ်မက်မက်နေတာလား? လူနှင့်အသိစိတ်ကပ်အောင်ကြိုးစားနေသော်လည်း မအောင်မြင်။လက်ရှိမြင်တွေ့နေရမှုကို မယုံကြည်နိုင်ဖြစ်နေသည်။

" ဟာ! ကိုကိုနိုးပြီလား။ ကျွန်တော် Toilet ခဏသွားလိုက်တာ ကိုကိုမနိုးလောက်သေးဘူးထင်လို့ "

ယံလေးအသံကြောင့် ဘုန်းပြည့်စုံဦး စိတ်ကူးယဥ်ကမ္ဘာထဲရောက်နေတာမဟုတ်မှန်းသိလိုက်သော်လည်း ယုံကြည်ဖို့ရာမစွမ်းနိုင်သေး။

" ယံလေး.....ဒါ!....ဒါ ဘာလဲ? "

" ကျွန်တော်ဖျက်ဆီးခဲ့မိတဲ့ ကိုကို့အိပ်မက်လေးလေ "

ဘာမှမထူးဆန်းသလို ယံလေးကပေါ့ပေါ့ပါးပါးဆိုနေပေမယ့် ဘုန်းပြည့်စုံဦးကတော့တစ်ကိုယ်လုံးဆေးစက်နေဆဲ။လက်ဖျားတို့မသိမသာတုန်ယင်နေဆဲ။

" မင်း....မင်း!.... "

" လာကိုကို။အထဲဝင်ကြည့်ရအောင် "

ယံလေးသည် သူ့လက်ကိုဆွဲပြီးအရှေ့တွင်မြင်တွေ့နေရသော အဆောက်အအုံထဲဆွဲခေါ်သွားသည်။ပေတစ်ရာခန့်ရှိကာ၊ အခန်းပေါင်းများစွာနှင့် လေးထပ်ကျောင်းဆောင်ကြီးသည် အလွန်ပင်ခမ်းနားထည်ဝါလှသည်။အခန်းတိုင်းတွင် စာသင်ခုံ၊စားပွဲ၊White Board များနှင့်သပ်ရပ်သန့်ရှင်းနေလျှက်။သင်ထောက်ကူအခန်းများမှာလည်း ပစ္စည်းအပြည့်စုံနှင့် အဆင့်တန်းမြင့်မြင့်စနစ်တကျ။မျက်လုံးထဲမြင်တွေ့နေရသမျှကို ဘုန်းပြည့်စုံဦးတအံ့တသြဖြစ်နေမိသည်။ယံလေးသည် သူ့လက်ကိုဆွဲလာရာစာသင်ခန်းတစ်ခုထဲရောက်မှ လွှတ်ပေးလိုက်သည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Where stories live. Discover now