Uni+Zaw
Uni
"နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း" ဟူသောခေါင်းစဥ်နှင့် တစ်ချိန်ကဘုန်းပြည့်စုံဦး တစ်ဖက်သတ် လက်မှတ်ထိုးခဲ့သည့်စာချုပ်။
" ဒါ!! ယံလေးကိုပေးခဲ့တဲ့ကွာရှင်းစာချုပ်ပဲ "
အံ့သြမှုကမသိလိုက်ခင်မှာပင် နှုတ်မှစကားထွက်စေသည်။အနက်ရောင်ဖိုင်ထဲတွင်တွေ့ရသည်မှာ ယံလေး Australia ကိုထွက်မသွားခင်နောက်ဆုံးတွေ့တုန်းက သူပေးခဲ့သည့် ကွာရှင်းစာချုပ်ဖြစ်နေသည်။ပေးခဲ့တုန်းကအတိုင်း သူ့ဘက်ကလက်မှတ်ထိုးထားပြီးဖြစ်သော်လည်း ယံလေးနေရာကတော့ လစ်လပ်နေဆဲ။နောက်ထပ်အံ့သြရသည်က
~ကိုကို့ ကိုလုံးဝမကွာရှင်းပေးနိုင်ဘူး။ကျွန်တော်ဘယ်တော့မှ ကွာပေးမှာမဟုတ်ဘူး~
ဟူ၍ ယံလေးလက်မှတ်ထိုးရမည့်နေရာတွင်ရေးထားသောစာကြောင်းလေး။ထိုတစ်နေရာထဲတွင်သာမက စာချုပ်ပေါ်ရှိနေရာလွတ်မှန်သမျှတွင် ယံလေး၏ လက်ရေးစာများစွာကိုတွေ့ရသည်။
~ကျွန်တော့်လို ဦးနှောက်မရှိ၊ စဥ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့တဲ့လူအနား လုံးဝမနေနိုင်ဘူးတဲ့လား~
~ပြောရက်လိုက်တာ။ ဟုတ်တယ်ကျွန်တော်က ဦးနှောက်မရှိဘူး စဥ်းစားဆင်ခြင်ဥာဏ်လည်းမရှိဘူး။ကျွန်တော့်ခေါင်းထဲမှာ ကိုကို့ကိုချစ်တာတစ်ခုပဲရှိတယ်။ကျန်တာဘာမှမသိဘူး။အဲ့တော့ဘာဖြစ်လဲ?~
~ကျွန်တော်က ကိုကိုနဲ့လုံးဝမတန်ဘူးလို့ ကိုကိုဘာ့ကြောင့်ပြောထွက်တာလဲ?~
~ဒီကမ္ဘာမှာကိုကိုနဲ့ အထိုက်တန်ဆုံးလူသားကကျွန်တော်ပဲ။ ကိုကို့ကို အပိုင်ဆိုင်ချင်ဆုံးလူသားကလည်းကျွန်တော်ပဲ~
~ကိုကိုပြောခဲ့သလိုပဲ ကျွန်တော်က ပိုက်ဆံရှိတာကလွဲလို့ ကိုကို့ထက် level နိမ့်လွန်းတယ်~
~ကိုကို့လို လူ့ယဥ်ကျေးတစ်ယောက်လည်းမဟုတ်ဘူး။ အမှားအမှန်ကိုလည်း မစဥ်းစားမတွေးခေါ်တတ်ဘူး။အဲ့တာနဲ့ပဲ ကိုကိုနဲ့ဆက်ပြီး ပေါင်းဖက်ဖို့လုံးဝမဖြစ်နိုင်တော့ဘူးတဲ့လား~
~စိတ်ချကိုကို။ ကိုကိုသတ်မှတ်ထားတဲ့ level အဆင့်အတန်းကို ကျွန်တော်ရောက်အောင်တက်ခဲ့မယ်။ကိုကိုနဲ့အထိုက်တန်ဆုံးလူသားက ကျွန်တော်ဆိုတာ ကိုကိုသိစေရမယ်~
YOU ARE READING
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်