ep 42

14.8K 1.1K 136
                                    

Uni+Zaw

Uni

ယံလေး ကားပေါ်မှအမြန်ဆင်းလိုက်ချိန် ဘုန်းပြည့်စုံဦးနှင့်ထိုအမျိုးသမီးသည် Super Market ထဲဝင်သွားပြီဖြစ်သည်။ရှုပ်ထွေးနေသောကားများကြား ယံလေးအမြန်လိုက်သွားဖို့ကြံရွယ်ပေမယ့် လမ်းဖြတ်ကူးရန်မလွယ်ဖြစ်နေသည်။ကားလမ်းတစ်ဖက်ကိုရောက်တော့-
'သေချင်နေတာလား '
' သေချင်ကိုယ့်ဘာသာကြိုးဆွဲချသေ ကားသမားလာအမှုမပတ်နဲ့ '
' ကားတိုက်ရင် ထွန်းရွှေဝါလိမ်းလို့မပျောက်ဘူး '

စသဖြင့်အော်သံတွေကြားရပေမယ့် ယံလေးအရေးမလုပ်အား Super Market ထဲအမြန်ပြေးဝင်လိုက်သည်။ဝင်ဝင်ချင်း မျက်စိဝေ့ဝိုက်ကာရှာပေမယ့် ကိုကို့ ကိုမတွေ့ရ။စက်လှေကားအတိုင်းတက်လာပြီးနောက် အင်္ကျီဆိုင်တစ်ဆိုင်အရောက်တွင် ကိုကို့ ကိုတွေ့လိုက်ရသည်။

အမျိုးသမီးသည် ရှပ်အင်္ကျီတစ်ထည်ကိုကိုင်ရင်း ကိုကို့ကိုယ်ပေါ်တွင်ကပ်ကြည့်နေသည်။ကိုကို့အတွက် အင်္ကျီဝယ်ပေးနေသည်နှင့်တူသည်။ကိုကို့ထက်လည်း အသက်ကြီးပုံရသည်။အစိမ်းနုရောင်ဇာဝမ်းဆက်မြန်မာဝတ်စုံ ကိုဝတ်ဆင်ထားပြီး ပခုံးကျော်ကျော်လောက်ရှိသော နီညိုရောင်ဆံပင်များကို လှိုင်းကြီးပုံစံကောက်ထားသည်။ဆံပင်တစ်ဝက်လောက်ကိုယူပြီး နောက်ဘက်တွင်ကျောက်ကလစ်တစ်ခုနှင့်တွယ်ညှပ်ထားသည်။

ရယ်ရယ်မောမော စကားပြောနေကြသည်ကိုကြည့်ပြီးချက်ချင်း အပြေးလွှားသွားကာ ကိုကို့လက်ကိုကိုင်ဆွဲထွက်လာချင်ပေမယ့် ထောင့်တစ်နေရာတွင်သာကွယ်ပြီး ချောင်းကြည့်နေလိုက်သည်။တစ်ခြားမိန်းမတစ်ယောက်ကို ပြုံးရယ်ပြနေသော ကိုကို့နှုတ်ခမ်းထက်ကအပြုံးတွေကြောင့် သူ့ရင်ထဲဒေါသမီးတို့တောက်လောင်လာသည်။လက်သီးကို တင်းတင်းဆုပ်ပြီးနေရာမှတစ်စက်ကလေးတောင်မရွေ့ဖြစ်။စိတ်ရှိတိုင်းပေါက်ကွဲပစ်လိုက်မိမည်စိုး၍ သူတင်းခံထားသည်။

ထို့နောက် အင်္ကျီဆိုင်မှထွက်လာပြီး တစ်ဆိုင်ပြီးဆိုင်တစ်ဆိုင်ဝင်ကြသည်။ယံလေးလည်း ကိုကို့အနောက်ကနေ ထပ်ကြပ်မကွာလိုက်လာသည်။တစ်နေရာအရောက် ကိုကိုကရုတ်တရက်လှည့်ကြည့်လာ၍ သူအမြန်ပုန်းလိုက်ရသည်။ယံလေးပြန်ထွက်လာကာ ချောင်းကြည့်လိုက်တော့ ကိုကိုသည် မျက်နှာချင်းဆိုင်ရှိ လက်ဝတ်ရတနာနှင့် Fancy ပစ္စည်းဆိုင်ထဲရောက်နေတာတွေ့ရသည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Tempat cerita menjadi hidup. Temukan sekarang