ep 20

12.6K 1K 143
                                    

Uni+Zaw

Uni

" အခုထိ ဦးဘုန်းနဲ့ပြန်အဆင်မပြေသေးဘူးလား အကို ယံလေး "

Shine သည်သူရှေ့စားပွဲပေါ်သံပရာရည်တစ်ခွက်ကိုချရင်းဆိုသည်။

" အင်း "

ယံလေးအခုShine တိုက်ခန်းတွင်ရောက်ရှိနေခြင်းဖြစ်သည်။ဒီနောက်ပိုင်း Shine နှင့်လည်းပိုရင်းနှီးလာသည်။သူငယ်ချင်းတွေဖြစ်တဲ့ ကိုစိုင်း၊ လင်းမြတ်တို့နဲ့တောင် သိပ်မတွေ့ဖြစ်။

" မနေ့ကသောက်တာများသွားလို့ ခေါင်းတွေမူးနေတယ်မလား။ကျွန်တော် သံပရာရည်ချဥ်ချဥ်လေးဖျော်ထားပေးတယ် သောက်လိုက်ဦး "

" အခုထိ သူငါ့ကိုဘာဖြေရှင်းချက်မှမပေးသေးဘူး "

ယံလေးတကယ်တော့ ဘုန်းပြည့်စုံဦးပါးစပ်ကနေ ဟိုမိန်းကလေးနှင့်ပတ်သက်သည့်အကြောင်းကိုသေချာ​ဖြေရှင်းစေချင်သည်။သို့ပေမယ့် ဘာမှဖြေရှင်းမလာ။

" အဲ့တာကြောင့် ကျွန်တော်နဲ့တမင်တွဲပြပြီးအရွဲ့တိုက်နေတာလား "

Shine ကသူ့ဘေးတွင်ဝင်ထိုင်လာသည်။

" Sorry   Shine "

ဟုတ်တော့လည်းဟုတ်သည် သူ့နှင့်ကိုကို့ကြားShine ကမဆီမဆိုင်မြေစာပင်ဖြစ်နေရသည်။

" အကိုယံလေး အခုလိုထင်ရာတွေလျှောက်လုပ်တော့ ပြဿနာ ပိုဆိုးမှာပေါ့။ကျွန်တော်ကဘာမှမဖြစ်ဘူးရတယ်။ "

" ငါသူ့ကို မိန်းမတစ်ယောက်နဲ့တွဲမြင်လိုက်ရတဲ့အချိန် ဒေါသအရမ်းထွက်တယ်။သူဘယ်တုန်း
ကမိန်းကလေးမိတ်ဆွေ အပေါင်းသင်းရှိခဲ့ဖူးလို့လဲ "

မနေ့ကသောက်တာများသွား၍ အခုထိသူ့ခေါင်းတွေကိုက်နေသည်။လက်မနှစ်ဖက်ကိုနားထင်ကြောတွင်ဖိကပ်ထားသည်။ရှေ့တွင်ချထားသော သံပရာရည်ကိုတော့ အခုထိမသောက်ရသေး။

" အဲ့မိန်းကလေးနဲ့ဦးဘုန်း ဘာမှမပက်သတ်ဘူးဆိုတာ သိနေတာပဲမလား "

Super Market ရှေ့မှာဘုန်းပြည့်စုံဦးကို မိန်းမတစ်ယောက်နဲ့တွဲမြင်လိုက်တဲ့နေ့ကတည်းက သူအဲ့ဒီ့မိန်းကလေးအကြောင်းကို အကုန်စုံစမ်းပြီးသား။ဘုန်းပြည့်စုံဦးနဲ့လည်း သာမန်မိတ်ဆွေကဏ္ဍပတ်သက်မှုဆိုတာလည်းသိပြီးသားပေမယ့်
သူ့စိတ်တို့ဘဝင်မကျနိုင်။သူမေးလာသည်ကိုသေ
ချာမဖြေပဲ ထင်ချင်သလိုထင်ဟု ပြန်လည်တုံ့ပြန်လာခြင်းက သည်းမခံတတ်တဲ့သူ့စိတ်ကိုမီးလောင်ရာလေပင့်သည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Onde histórias criam vida. Descubra agora