ep 51

14.1K 1K 103
                                    

Uni+Zaw

Uni

" ငါ့ကိုဘာလို့ထိုးတာလဲ!! "

တစ်ဖက်သို့စောင်းကျသွားသောဦးခေါင်းကိုပြန်တည့်လိုက်ရင်း တည်စေနိုင်းအံ့သြတကြီးမေးမိသည်။

" ဘာလို့ထိုးတာလဲ ဟုတ်လား? ခင်ဗျားကိုယ်ခင်ဗျားသိမှာပေါ့ "

" ဘာကိုလဲ? "

" ခင်ဗျားကျွန်တော့်ကိုဗန်းပြပြီး ကိုကို့ဆီက attention ယူနေတာမသိဘူး ထင်နေလား! "

" သြော်.....မင်းသိတာလား။ဘယ်ဆိုးလို့လဲ။ငါကမသိလောက်ဘူးထင်တာ "

ယံလေးဒေါသတကြီးဖြင့် တည်စေနိုင်းအင်္ကျီစကိုဆွဲကိုင်လိုက်ရင်း

" ကျုပ် ငတုံးမဟုတ်ဘူး။မနေ့ညကတည်းက ကိုကို့ရှေ့ရန်မဖြစ်ချင်လို့သည်းခံနေတာ။ရာရာစစ ခင်ဗျားကများ ကိုကို့အသားကိုထိရဲတယ်ဟုတ်လား "

" ဟေ့.....ဝေယံ အဲ့လောက်ဖြစ်မနေစမ်းပါနဲ့။မင်းလူကိုငါနမ်းလိုက်တာတောင်မဟုတ်ဘူး။ "

ခနဲ့သလိုရယ်သံတိုးဖွဖွနှင့်တည်စေနိုင်းမျက်နှာသည်ဘာမှမဖြစ်သလို။ယံလေးလွန်စွာမှဒေါသထွက်နေသည်ကိုလည်း နည်းနည်းလေးတောင်မမှု။

" စိတ်ရူးထဦးနှောက်ဖောက်ပြီး အဲ့လိုလုပ်လိုက်တယ်ဆိုရင် ခင်ဗျားအဲ့နေရာမှာတင် အသေပဲ! "

တည်စေနိုင်းသည်သူ့အားမီးဝင်းဝင်းတောက်မတတ်ကြည့်လျှက် အင်္ကျီစကိုဆုပ်ကိုင်ထားသောယံလေးလက်ကိုဆွဲဖယ်လိုက်ရင်း-

" မင်းငါ့ကိုဒီလောက်ထိပြောစရာမလိုပါဘူး။ကျေးဇူးမကန်းနဲ့ဟေ့ကောင်။မင်းနဲ့ကိုဘုန်း လက်ထပ်ဖြစ်ခဲ့တာငါ့​အကူညီကြောင့်ဆိုတာမမေ့နဲ့။ "

" ဟား....ဟားး "

ယံလေးသည် အားရပါးရ ရယ်မောတော့သည်။သို့ပေမယ့် စိတ်ကျေနပ်စရာရယ်စရာတစ်ခုကိုတွေ့ကြုံရ၍ ရယ်မောနေခြင်းမျိုးတော့မဟုတ်။

" ခင်ဗျား ရီစရာတွေသိပ်ပြောတာပဲ။ဘာကိုကူညီတာလဲ ဟမ်!။ ခင်ဗျားအကြံနဲ့ခင်ဗျား ကိုကို့ဘေးကနေအခါအခွင့်သင့်တုန်း ကျုပ်ကိုဆွဲထုတ်သွားချင်လို့ ကူညီချင်ယောင်ဆောင်လိုက်တာကိုမသိရလောက်အောင် ဝေယံမင်းခန့်ကို ငတုံး ငအ များထင်နေလား။ဒီလောက်မှ မရိပ်မိဘူးဆိုရင်ငယ်ငယ်ကတည်းက ကိုကို့ကိုပိုင်ဆိုင်ဖို့ကြိုးစားနေမှာတောင်မဟုတ်ဘူး "

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Onde histórias criam vida. Descubra agora