ep 17

13.4K 1K 182
                                    

Uni+Zaw

Uni

မနက်စာပေါင်မုန့် မီးကင်ထောပတ်သုတ်ကို စားရင်းယံလေးသည် ကော်ဖီပူပူတစ်ခွက်ကို သောက်နေသည်။မနေ့ညက နှစ်ယောက်လုံးအိပ်ရာဝင်နောက်ကျ၍ မနက်ကိုအနည်းငယ်နောက်ကျမှနိုးကြသည်။ကော်ဖီတစ်ငုံသောက်ရင်းနှင့် ယံလေးသည် ဘောင်းဘီအိတ်ကပ်ထဲမှ တစ်စုံတစ်ခုကိုနှိုက်ယူတော့ ဘုန်းပြည့်စုံဦးစိတ်လှုပ်ရှားသွားသည်။ သေချာတယ်! ညကသူဗီရိုထဲမှာတွေ့ခဲ့တဲ့ လက်ဆောင်ပေးတော့မှာမလား။
သူ့ရင်တွေလည်းအဆမတန်ခုန်လာသည်။မျှော်လင့်တကြီး ကြည့်နေမိပေမယ့် ယံလေးလက်တွင်ပါလာသည်က ဖုန်းဖြစ်နေသည်။ ယံလေးသည် မနက်စာစားရင်း ဖုန်းကို မျက်လုံးမခွာတမ်းကြည့်နေသည်။ဟူးး...သူထင်တဲ့အတိုင်းလည်းမဟုတ်ပါလား။

" ကိုကို ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ "

မျက်တောင်မခတ်တမ်း သူ့အားစူးစူးစိုက်စိုက်
ကြည့်နေသာ ကိုကို့ ကိုမေးလိုက်သည်။

" ဟင်! ဘာမှ...မရှိပါဘူး "

" ဟုတ်လို့လား၊ ကျွန်တော့်ကို တစ်ချိန်လုံးစိုက်ကြည့်နေတာ ပြောစရာတစ်ခုခုရှိလို့လား ပြောလေ "

" အဲ....ဟို မရှိပါဘူး။ သွားရအောင်လေ ယံလေး နဲနဲတောင်နောက်ကျနေပြီ "

" ဟုတ် ကိုကို "

ကဲပါလေ စိတ်ရှည်လက်ရှည် စောင့်တာပေါ့။ညနေ Company ကပြန်လာမှ အေးဆေးပေးမည်ထင်ပါသည်။အခုတော့ သူတို့နှစ်ယောက် Company သို့ထွက်လာခဲ့ကြသည်။

ရုံးရောက်ပြီး တစ်မနက်ခင်းလုံး Project အသစ်အတွက် အလုပ်ရှုပ်နေသည်။နေ့လည်စာစားပြီးနောက်ယံလေးသည်-

" ခဏနေ အစည်းဝေးအတွက် အဆင်သင့်ပြင်ပြီးပြီလား ကိုကို "

" ပြင်ပြီးပြီ။ အဆင်သင့်ပဲ ယံလေး "

နေ့လည် ၂ နာရီထိုးတော့ ယံလေးရုံးခန်းတွင်ပဲ အစည်းအဝေး လုပ်ဖြစ်သည်။ အစည်းဝေးဆိုပေမယ့် ရှယ်ယာရှင်အားလုံး စုဝေးပြီးပြုလုပ်သည်မဟုတ်။နောက်လာမည့် project အသစ်အတွက် သူ၊ ယံလေး၊ ဒုဥက္ကဌ ဦးကျော်ခေါင်၊ Department နှစ်ခုမှ ခေါင်းဆောင်နှစ်ယောက်
နှင့် လက်ထောက်နှစ်ယောက် ပြီးတော့ Shine
တို့ဆုံ ပြီးတိုင်ပင်စည်းဝေးခြင်းဖြစ်သည်။အစည်းဝေးစခါနီးမှ Shine က ကြော်ငြာကိစ္စတစ်ခုရှိနေ၍ အနည်းငယ်နောက်ကျမည်ဆိုသောကြောင့် သူတို့အရင် ဆွေးနွေးစရာရှိတာ ဆွေးနွေးထားလိုက်သည်။

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Where stories live. Discover now