Uni+Zaw
Uni
အိမ်ရှေ့တွင်ကားရပ်လိုက်သည်နှင့် အချိန်ကည ၈ နာရီခွဲ ရှိပြီဖြစ်သည်။Company မှအလုပ်ဆင်းသော်လည်း ဘုန်းပြည့်စုံဦးသည် အိမ်ကိုတန်းမပြန်နိုင်ပဲ ယံလေးရိုက်ချိုးဖျက်ဆီးခဲ့သော ကားကို Service Center ပို့ပြီးပြင်ဖို့အပ်ရသည်။ထို့နောက် ပြင်ပြီးသားထိုကားကို ယံလေးစီးတော့မည်မဟုတ်တာကို သိ၍ပြန်ရောင်းရန်တစ်ခါ
တည်းပွဲစားဆီဝင်ပြီးအပ်ခဲ့သည်။ငွေကြေးဥစ္စာချမ်းသာတယ်ဆိုပြီးယခုလို ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းကိုတန်ဖိုးမထားပဲ လုပ်ချင်တာလုပ်တာမျိူးကိုသူလုံးဝမနှစ်မြို့ပါ။Company တွင်လည်းယံလေးမရှိ၍ သူ့မှာနှစ်ယောက်စာအလုပ်ကိုလုပ်နေရသည်။အဘွားကယံလေးအားသွားပြန်ခေါ်ဖို့ပြောထားပေမယ့် သူသွားမခေါ်ဖြစ်သည်မှာဒီနေ့နဲ့ဆိုနှစ်ရက်ရှိပြီဖြစ်သည်။အဘွားက ဖုန်းဆက်ပြီးထပ်ပြောသော်လည်း အလုပ်တွေအရမ်းရှုပ်နေလို့ဟုသာဆင်ခြေပေးထားလိုက်သည်။
" မင်းကွာအခုမှရောက်လာတော့တယ် ငါစောင့်နေတာကြာလှပြီ "
သူအိမ်ထဲဝင်လိုက်သည်နှင့်ဧည့်ခန်းတွင်ထိုင်နေရာမှထလာကာ ထက်သူကစကားဆိုသည်။
" မင်းကရော ရုတ်တရက်ကြီး ဘယ်ကနေဘယ်လိုရောက်လာတာလဲ "
ထက်သူသည် သူနှင့်တက္ကသိုလ်အတူတက်စဥ်ကတည်းကအိမ်ကိုရံဖန်ရံခါလာတတ်သော်လည်း ဒီနေ့ကရုတ်တရက်ရောက်လာသည်ဖြစ်၍ သူအနည်းငယ်အံ့သြသွားသည်။
" မတွေ့တာကြာလို့ မင်းဆီပဲတမင်လာတာ၊ Ph ကလည်းခေါ်လို့မရတာနဲ့ ဒီအချိန်မင်း Company ကနေပြန်ရောက်လောက်ပြီထင်လို့
အိမ်ကိုပဲတန်းဝင်လာလိုက်တာ "" အေးပါ ph ကအားကုန်ပြီး Shut down ကျသွားလို့ခေါ်လို့မရတာ။ မင်းညနေစာရောစားခဲ့ပြီးပြီလား မစားရသေးရင်တစ်ခါတည်းစားသွားလိုက် "
" တော်ပြီဟေ့ရောင် ငါစားခဲ့ပြီးပြီ "
" ဒါဆိုလည်းတစ်ခုခုတော့သောက်ကွာ "
ဘုန်းပြည့်စုံဦး နှင့်ထက်သူနှစ်ယောက်လုံးထမင်းစားခန်းထဲဝင်လာလိုက်ကြသည်။ရေခဲသေတ္တာထဲမှဘီယာဘူးနှင့် သစ်သီးများလှီးထားသောပန်းကန်ကို စားပွဲပေါ်ချလိုက်သည်။
BINABASA MO ANG
ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED] ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်