စိန်ပန်းတွေရဲနေတဲ့ အဓိပတိလမ်းမကြီးအဆုံးတွင်
ဆေးသားတွေယိုယွင်းနေသော်လည်း အရှိန်အဝါကြီးစွာခန့်ညားနေဆဲဖြစ်သည့် ဘွဲ့နှင်းသဘင်ကြီးကို ကျောခိုင်းကာထွက်လာလိုက်သည်။" ဇလပ်! ငါပေးတဲ့ ဝတ္ထုဖတ်ပြီးပြီလား "
ကိုယ့်အတွေးနဲ့ကိုယ်ခေါင်းငိုက်စိုက်ချပြီးလမ်းလျှောက်နေတုန်း ဘယ်အချိန်ကအနားရောက်လာမှန်းမသိသည့် သူငယ်ချင်းဖြစ်သူ ပိုး ။
"အော်..ငါဖတ်နေတုန်း "
"ဘယ်လိုနေလဲ "
ဇလပ်ဝါ ခေါင်းတစ်ချက်သာခါပြရင်း ဆက်လျှောက်နေလိုက်သည်။
ဘယ်လိုနေရမှာလဲ ။ ပေါလိုက်တဲ့ဇာတ်လမ်း ။
ဇာတ်ကွက်တွေကတော့အရမ်းကြီးပေါမနေပေမယ့်
ဇာတ်ဆောင်ကပဲ ချို့ယွင်းချက်။ ဇာတ်ဆောင်ဖြစ်ပြီး သောက်ကျင့်ကသေအောင်ယုတ်။ စလာကတည်းက လူစသတ်တယ်။ ဘာလို့သတ်တယ်ဆိုတာလည်း
အပိုင်း 20 နီးပါးဖြစ်နေပြီ။ ဘာမှရေရေရာရာမသိသေး။ သွေးစုတ်ဖုတ်ကောင်လိုလို.. စိတ္တဇလူသတ်သမားလိုလို။ ဖတ်ပြီးသမျှ အခန်းတွေမှာ သူနားလည်ပြီးသိလိုက်တာက ဇာတ်ဆောင်နာမည်ပဲ။ မေဘယ်လ် တဲ့ ။ပြီးတော့သူက သောက်ကျိုးနည်း အောင်ကိုကွေးတာတဲ့ဟေး ။ လခွမ်း ထဲမှ ငါကအဖြောင့်ဟဲ့ အဖြောင့်။ ဘယ့်နှယ့် Lesbian ဝတ္ထုကြီး !!
"ဟဲ့ ဇလပ် သတိထား! "
"အား.... !"
ဘယ်လူသိခဲ့မှာလည်း ။
ဘွဲ့တောင်မယူရသေးဘူး ဒီလိုအရွယ်ကောင်းကြီးမှာ
မြောင်းထဲကျသေရလိမ့်မယ်လို့ ။ အဲ့တော့အခု ငါက နတ်ပြည်မှာလား။ ငရဲပြည်မှာလား ။"မင်္ဂလာပါ။ စေတန်ရဲ့နှောင်ကြိုး ဝတ္ထု system
မှကြိုဆိုပါတယ်။ သင့်အား ဇာတ်ဆောင် 'ရှင်း 'အဖြစ် update လိုက်ပါပြီ။ ပျော်ရွှင်ပါစေ။"ယီး ထဲမှ ။ အဲ့တော့ငါက သေပြီး
သောက်ပေါဝတ္ထုထဲရောက်သွားတာပေါ့ ။ဒုတိယအကြိမ်မြောက် ယီးပါပဲ။
ရှင်း ဆိုတာက ဟိုအရူးဇာတ်ဆောင် မေဘယ်လ် ရဲ့
ရီးစားဖြစ်လာမယ့်ဇာတ်ကောင်မဟုတ်လား ။System ရေ ယီးပဲနော်!
ငါ့ကိုပြန်ပို့ပေး ။ ပြန်ပို့ပေးလို့! ငါဘွဲ့ယူချင်သေးတယ်လို့ !။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasyလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...