21

3.1K 380 8
                                    

"ရှေးဟောင်းလိပ်ပြာမျိုးနွယ်စုလား .....!"

ယစ်ထွေထွေလေးဖြစ်နေသည့် ဝိုင်အစွမ်းပင်
ကွယ်ပျောက်သွားခဲ့သည်။ ဒါကဘယ်လိုလှည့်စား
မှုပါလိမ့်။

ရှေးဟောင်းလိပ်ပြာမျိုးနွယ်စုတဲ့လား။

မေဘယ်လ်သည် ပိုးသားဂါဝန်လေးကိုပြန်ဆွဲတင်ပေး
လိုက်ပြီး စောင်ကို ​သေချာချုံပေးလိုက်သည်။
ထို့နောက် ဆိုဖာပေါ်၌ထိုင်ပြီး ကုတင်ထက်တွင်
အပူပင်ကင်းကင်းနှင့်အိပ်ပျော်နေသည့် ရှင်းရဲ့
မျက်နှာလေးကိုငေးကြည့်ရင်း အတွေးတို့က
အလုအယက်ဝင်လာတော့သည်။

ရှေးဟောင်းလိပ်ပြာမျိုးနွယ်စု သည် သန့်စင်ပြီး
ကုသနိုင်စွမ်းရှိသော မျိုးနွယ်စုဖြစ်၏။
မျိုးနွယ်စုဝင်နည်းပါးသော်လည်း ၎င်းတို့၏
ကုသနိုင်စွမ်းကအံ့မခန်းဖြစ်သည်မို့ မျိုးနွယ်စုတစ်ခု
ချင်းသည် ရှေးဟောင်းလိပ်ပြာမျိုးနွယ်စုဝင်တိုင်းအား
တန်ဖိုးထားခဲ့ကြသည်။

သို့နှင့်ပင် မျိုးနွယ်စုကြီးသုံးခုနှင့် တန်းတူ အရှိန်အဝါ
ကြီးခဲ့သောမျိုးနွယ်စုဖြစ်ခဲ့သည်။မျိုးနွယ်စုတစ်ခုချင်း
၌ ကုသသူ အဖြစ် ရှေးဟောင်းလိပ်ပြာမျိုးနွယ်စုဝင်
တစ်ဦးစီရှိခဲ့သည်။ အဖိုးအခအဖြစ်
ရှေးဟောင်းလိပ်ပြာမျိုးနွယ်စုအား
အသက်ဝိဥာဉ်ဓာတ်ဖြင့် လဲလှယ်ပေးရလေသည်။

စင်စစ်အားဖြင့် ရှေးဟောင်းလိပ်ပြာမျိုးနွယ်စုသည်
ကုသသူမျိုးနွယ်စုသာဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းလည်း
မရှိသလို ပျမ်းမျှသက်တမ်းသည် နှစ်500သာဖြစ်၏။
ဒါက သိပ်ကိုတိုလွန်းသောသက်တမ်းပင်ဖြစ်ကာ
သာမန်မျိုးနွယ်စုဝင်များသည်ပင် ပျမ်းမျှသက်တမ်း
နှစ် 1500 ရှိသည်။

သို့ဖြစ်၍ ရှေးဟောင်းလိပ်ပြာမျိုးနွယ်များသည်
ကုသမှုအတွက်အဖိုးအခကို အသက်ဝိဥာဉ်ဓာတ်အား
တောင်းခံခြင်းသည် သင့်တင့်၏။ ထိုအသက်ဝိဥာဉ်
ဓာတ်နှင့် ၎င်းတို့၏ ပျမ်းမျှသက်တမ်းကို နှစ် 800 ထိ
တိုးနိုင်လေသည်။

အသက်ဝိဥာဉ်ဓာတ် ဆိုသည်မှာ မျိုးနွယ်စုဝင်
တစ်ယောက်၏ အမြူတေကိုဆိုလိုသည်။
သို့ရာ၌ကန့်သတ်ချက်ရှိ၏။ သန့်စင်သောအမြူတေ
ကိုသာ လိပ်ပြာမျိုးနွယ်စုမှလက်ခံသည်။
ထို့ကြောင့် ရှေးဟောင်းလိပ်ပြာမျိုးနွယ်စုဝင်
တစ်ယောက်အား ကုသသူအဖြစ်ခေါ်ချင်ပါက
၎င်းတို့မျိုးနွယ်စုဝင်တစ်ယောက်၏ အမြူတေကို
စတေးရလေသည်။ ထိုနည်းလမ်းသည် စတေးခံရသူ
အဖို့နာကျင်စရာပင်ဖြစ်သော်လည်း
မျိုးနွယ်စုအတွက်ဟူသော စကားဖြင့်သာချွေးသိပ်ခံ
ရလေသည်။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now