မိန်းကလေးနှစ်ယောက်သည် ပုစွန်ဆီရောင်ပြောင်း
နေပြီဖြစ်သောပတ်ဝန်းကျင်တွင် တစ်ယောက်ကို
တစ်ယောက်ပွေ့ဖက်လို့ နမ်းရှိုက်နေကြဆဲ။
လေပြည်များသည်ပင်တိုးဝင်၍မရနိုင်အောင်
ပူးကပ်နေကြသော ခန္ဓာနှစ်ခုကြား စည်းချက်မှန်မှန်
ခုန်နေသော နှစ်လုံးသားနှစ်ခုသည်လည်း
ကဗျာဆန်လှသော တေးသွားတစ်ပုဒ်သဖွယ်။ရှင်း သည် အခြေနေအရပ်ရပ်ကိုပင်မခွဲခြားနိုင်တော့
ပါချေ။ မိန်းကလေးများထံမှ ဖွင့်ပြောခြင်းခံခဲ့ရဖူး
သော်လည်း ရင်ခုန်ခြင်းဟူသည် နတ္ထိမရှိ။အချစ်ဆိုသည်မှာ ယောက်ျားလေး နှင့်မိန်းကလေး
ကြား၌သာဖြစ်ပေါ်သည်ဟူသောအဆိုကို
ကန့်ကွက်ခဲ့သော်လည်း မိန်းကလေးအချင်းချင်း
ကြား တွင်ဖြစ်တည်သောအချစ်သည် သူမထံသို့
ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုရောက်လာသောအခါ လက်ခံဖို့ရာခက်ခဲခဲ့ပါ၏။အချက်မှန်မှန်ဆွဲငင်နေသော နှုတ်ခမ်းတစ်စုံ ကြား
ရုန်းထွက်ဖို့ရာလည်း အတွေးမရှိခဲ့ပါချေ။
သိပ်ကိုမှော်ဆန်လွန်းလှသော ခံစားချက်ဖြစ်တန်ရာ
၏။ သေချာပေါက်ကို မေဘယ်လ်အား မချစ်ပါဟု
တစ်ထစ်ချတွေးခဲ့သည်။ယခု ခံစားချက်သည် အခြေအနေအရပ်ရပ်၏
လှည့်စားမှုကြောင့်သာရောထွေးမှုတစ်ခုဖြစ်မည်ဟု
ကိုယ့်ကိုယ်ကိုယ် ဖြေတွေးလိုက်ပြီး ထိုဆွဲငင်မှုကြားမှ
အဆောတလျင်ရုန်းထွက်ခဲ့သည်။လွှတ်ထွက်သွားဖို့ရာ ဟန်ပြင်နေသော ရှင်း၏
နှုတ်ခမ်းတစ်စုံကို မေဘယ်လ်သည် ပြန်လည်ဖမ်းဆုပ်
ဖို့ရာကြိုးစားနေဆဲ။ ထိုထွက်ပြေးရန်ကြိုးစားနေ
သောနှုတ်ခမ်းတစ်စုံကိုလိုက်ဖမ်းဆုပ်ရင်း ဖက်တွယ်
ထားသော ခါးထက်ရှိလက်တို့ကိုတင်းကျပ်လိုက်
ချေ၏။'အင့် ' ခနဲရှိုက် ညည်းလိုက်သည့် နာခံမှုမရှိသော
ရှင်း၏ နှုတ်ခမ်းကို အားပါပါနှင့်တစ်ချက်မျှကိုက်ချ
လိုက်သည်။"ဘာလို့ ဒီလောက်ရုန်းနေတာလဲ "
ရှင်း၏နဖူး နှင့် သူ့၏နဖူးကိုထိကပ်ထားရင်း
အနည်းငယ်မောဟိုက်နေသောအသံဖြင့်
ငြူငြူစူစူလေး ပြောလိုက်တော့ မှိတ်ထားသည့်
မျက်ဝန်းများထက် ဖုံးကွယ်နေသည့် ကော့ညွှတ်လျက်
ရှိသောမျက်တောင်များက ဆတ်ခနဲတုန်ရင်သွားသလိုလို။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasiလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...