ဒုတိယအကြိမ်မြောက်စစ်ပွဲ သို့တည်းမဟုတ် အမှန်တရားကခေါင်းပြူပြလေပြီ။ (သေချာဖတ်ပေးကြပါ) (1)
ရှင်းသည် mission ကိုသာ လက်ခံလိုက်ရသည်။ mission အား မည်သို့မည်ပုံ ဆောင်ရွက်ရမည်မှန်းမသိပါချေ။ သူ့အတွက်က အချိန်တွေကုန်တာသိပ်မြန်လွန်းနေသည်ပင်။ အကယ်၍သာ အခြားသောအဖြေကိုရွေးချယ်လို့ရရင်လည်းကောင်းမည်။
Mission လက်ခံရရှိပြီး 3 လမြောက်။
ရှင်းရဲ့ကိုယ်ဝန်က တစ်နှစ်နှင့် သုံးလထဲဝင်ခဲ့လေပြီ။ မေဘယ်လ်သည် သွေးရိုင်းနွယ်မျိုးနွယ်စု အားအောင်နိုင်ပြီးချိန်မှစ၍ ရှင်းကိုချီမထားရုံတစ်မယ် သဲသဲလှုပ်၍နေခဲ့သည်။ ကလေးလေးတွေက လှုပ်နေပါကြောင်း မေဘယ်လ့်ကိုအသိပေးစဥ်က မေဘယ်လ် မှာစိတ်ထဲတွင် ဗလာဟင်းလင်းဖြစ်လို့။ ကလေးတွေ၏ ဖြစ်တည်မှုသည် ထိုမျှ စိတ်လှုပ်ရှားစေခဲ့သည်။
မေဘယ်လ်က သွေးရိုင်းနွယ်မျိုးနွယ်စု အားသိမ်းပိုက်နိုင်ခဲ့သော်ငြား အဓိက စစ်မီးသည်ကား တငွေ့ငွေ့လောင်ကျွမ်းနေဆဲပင်။ သွေးရိုင်းနွယ်မျိုးနွယ်စု နှင့်စစ်ပွဲကြောင့် မြင့်မြတ်သွေးမျိုးနွယ်စု ၏စစ်သည်တော် တော်တော် များများသည် စစ်ပန်းနေပြီးသားဖြစ်ချေသည်။
ထိုသို့သောအချိန်မျိုးကိုစောင့်နေပါသော သမန်းပြာဝံပုလွေမျိုးနွယ်စု သည်အမောက်ထောင်ပြလာချေတော့သည်။ ခြသေ့်နှစ်ကောင်၏တိုက်ပွဲတွင် ရှင်ကျန်ရစ်သော ခြသေ့်တစ်ကောင်က အင်အားအပြည့်ပြန်ဖြစ်ဖို့ရာ အားဖြည့်ဖို့လိုပေသည်။ ထိုသို့အားဖြည့်နေစဥ်အတွင် အင်အားအပြည့်ဖြစ်နှင့်ပြီးသော အခြားခြသေ့်တစ်ကောင်က ဝင်တိုက်ခိုက်ပါမူ ရှုံးနိမ့်ဖို့ရာ ရာခိုင်နှုန်းများသည်မဟုတ်ပါလော။
အချစ်နှင့် စစ်တွင်မတရားခြင်းဟူသည်မရှိသော စကားကို အကာအကွယ်ယူလို့ ကနဦးအစကတည်းက အရှက်သိက္ခာနှင့် ဆင်ခြင်တုံတရားကင်းမဲ့ပါသော သမန်းပြာဝံပုလွေ မျိုးနွယ်စုသည် မြင့်မြတ်သွေးမျိုးနွယ်စု အား ရုတ်ချည်းစိန်ခေါ်ဖို့ရာပြင် လေတော့သည်။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
خيال (فانتازيا)လူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...