52(ii)

1.4K 216 10
                                    

နောက်ဆုံးသော mission (2)









နေရောင်ကြောင့်  ကွဲကာစဖြစ်နေသောမြူခိုးထုသည် ရေခိုးရေငွေ့အသွင်သို့ဆောင်၍နေသည်။ မီးခိုးရောင်မာဖလာအထက် ဖူးဖူးလေးပေါ်နေသောရှင်းရဲ့နှုတ်ခမ်းသားတွေအပေါ်က နွေးထွေးမှုတစ်စုံတစ်ရာက ဆောင်းရာသီ၏အအေးဓာတ်ကို ခေါင်းမော့ရင်ကော့လို့အာခံရှာ၏။

ထိုနွေးထွေးမှုနှင့် ဝေးကွာခဲ့ရတာက ငါးလတိတိ။ ထိုနွေးထွေးသောအထိအတွေ့ကို မည်သည့်အရာကယှဥ်လို့နိုင်ပါအံ့နည်း။

နူးညံ့မှုသည် ကမ္ဗလာတစ်ခုကဲ့သို့ပင်။
အရာဝတ္ထုတစ်ခုနှင့်တစ်ခု ပွတ်တိုက်ပါက အပူဓာတ်ကိုရသည်ဟူသော သဘောတရားအတိုင်း နှုတ်ခမ်းနှစ်လွှာ၏ ပွတ်တိုက်မှုကြောင့် ပတ်ဝန်းကျင်ရှိလေထုကိုပါနွေးထွေးလာသယောင်ယောင်။

ထိုအခါမှသာ ရှင်းက အတည်ပြုဖို့ရာသတိရဟန်တူသည်။ မှေးမှိတ်ထားပါသော မျက်ဝန်းတို့ကို အလျင်စလိုဖွင့်ရှာသည်။ သလင်းဝါရောင်မျက်ဝန်းလဲ့လဲ့လေးများအထက် ဝေ့သီနေသော မျက်ရည်စတစ်ချို့က ကျတော့မယောင်ယောင်။ ပုံခိုင်း၍နှိုင်းရသော် မိုးရွာပြီးကာစ မိုးရေပတ်ဖြန်းခံထားရပါသော ပန်းလေးတစ်ပွင့်နှင့်တူချေတော့သည်။ ပန်းလေး၏ ပွင့်ချပ်အနားသတ်လေးများတွင် လက်ကျန်ရေစက်ကလေးများက ကျတော့မယောင်ယောင် တွဲလွဲခိုနေသဘိသို့....။ အနှိုင်းမဲ့ လှပ၍ငေးမောချင်စဖွယ်ကောင်းလှပေသည်။ 

မယုံကြည်နိုင်လောက်အောင်ကို မေဘယ်လ်က သူ့ဆီရောက်နေခဲ့ပါပြီတဲ့။ ဒီအမျိုးသမီးကလေ၊ သူ့ကို ငါးလတိတိအဆက်အသွယ်မလုပ်ဘဲ စစ်ချီတက်နေခဲ့ပါသော ပြတ်သားခိုင်မာလှသည့် အမျိုးသမီးကလေ၊ သူ့ဆီကိုပြန်လာခဲ့ပါပြီတဲ့။

ကိုယ်ဝန်ကြောင့်အနည်းငယ်ဖောင်းနေသယောင်ယောင်ရှိသော ရှင်းရဲ့လက်တွေက တုန်ရင်စွာဖြင့် မေဘယ်လ့် မျက်နှာအားထိတွေ့ဖို့ရွယ်သည်။ ရှင်းလက်တွေက မေဘယ်လ့်မျက်နှာနားမရောက်ခင်မှာပဲ မေဘယ်လ်က ထိုလက်များအားအုပ်ကိုင်လို့ သူ့ပါးပြင်နှင့်ထိကပ်လို့ထားခဲ့သည်။ အနည်းငယ် ကြမ်းရှရှဖြစ်သွားပါသောအသားအရည်ကလွဲလို့ မေဘယ်လ်က ခန့်ညားပြတ်သားသော အသွင်ဆောင်နေဆဲ။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now