51

1.5K 236 14
                                    

စစ်ပွဲစတင်လေပြီ။ (3)










ယုံကြည်မှုဖရိုဖရဲဖြစ်နေ​သော အခြေအနေအားတည်ဆောက်နေဆဲ သမန်းပြာဝံပုလွေမျိုးနွယ်စုနှင့် သွေးရိုင်းနွယ်မျိုးနွယ်စု တို့ထံ ကြမ္မာငင်သည့်နေသည် မြင့်မြတ်သွေးမျိုးနွယ်စု ၏ သွေးရိုင်းနွယ်မျိုးနွယ်စု အား ရုတ်တရက် စစ်ကြေငြာသည့်နေ့တွင်ဖြစ်သည်။

ထိုနေ့သည် သမန်းပြာဝံပုလွေမျိုးနွယ်စုနှင့် သွေးရိုင်းနွယ်မျိုးနွယ်စုတို့၏ မဟာမိတ်ပြုပြီး 6 လအကြာတွင်ဖြစ်သည်။ ရှင်း၏ကိုယ်ဝန် 10 လကျော်လို့ 11 လထဲဝင်သည့်အချိန်တွင်ဖြစ်၏။

မေဘယ်လ် သည် စစ်တိုက်ဖို့ရာအလျင်မလိုပါသော်လည်း ထိုမျိုးနွယ်စုနှစ်ခု၏ လုပ်ရပ်များသည် မျက်လုံးထဲသို့ထိုးစိုက်နေသော မျက်တောင်မွှေးကဲ့သို့ စိတ်အနှောက်အယှက်ပေးလှသည်ပင်။

ဘယ်အရာမဆို မစဥ်းစားမဆင်ခြင်ဘဲ တစောက်ကန်းလုပ်တတ်သည့်ဗီဇနှင့် သမန်းပြာဝံပုလွေမျိုးနွယ်စု၊ သစ္စာဖောက်တတ်သည့် ဗီဇရှိသူ မျိုးနွယ်စုဟုသမုတ်ခံရသော သွေးရိုင်းနွယ်မျိုးနွယ်စု ။ နှစ်ခု၏ပူးပေါင်းမှုသည် အဆီအငေါ်မတည့်လေရာ တစ်ဂူတည်းအောင်းသောခြ​သေ့်နှစ်ကောင်သဖွယ် အပြိုင်အဆိုင်ဟိန်းဟောက်နေကြသကဲ့သို့ ဝန်းကျင်တစ်ခွင်စိတ်အနှောက်အယှက်ဖြစ်ရသည်။

အဆိုးဝါးဆုံးသော အဝေမတည့်မှုသည်ကား မြင့်မြတ်သွေးမျိုးနွယ်စုကိုနှိမ်နှင်းပြီးပါက ကြင်ယာတော်ရှင်း အားမည်သည့်မျိုးနွယ်စုမှ ပိုင်ဆိုင်သင့်ပါသနည်းဆိုသည့် ခွဲဝေမှုပင်။ "မုန့်ဆီကြော်ကဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့တည့်ပါ့မလား " ဟူသည့်စကားပုံအတိုင်း လုကြပြန်သည်။

ထိုအကြောင်းကိုကြားတော့ မေဘယ်လ့် မျက်နှာက အနီရင့်ရင့်သမ်းသည့်အခြေအနေမှ ခရမ်းရောင်သို့ပြောင်းလုသည်အထိ ဒေါသူပုန်ထတော့သည်။ ရာရာစစ ဘယ်သူ့ကို လာထိပါးဖို့ကြံနေရတာတဲ့လဲ။

ထိုနေ့ထိုအချိန်မှစလို့ မေဘယ်လ်သည် စစ်ပြင်မှုအား နှစ်ဆပြင်းထန်သောအရှိန်ဖြင့် သွားတော့သည်။ စစ်သည်တော်များသည် မေဘယ်လ့် လေ့ကျင့်မှုအားအမှီလိုက်နိူင်ဖို့ မနည်းပင်ကြိုးစားကြရတော့သည်။ သူတို့အတွက် ဒီလိုပင်ပင်ပန်းပန်းလေ့ကျင့်ရတာက ကိစ္စမရှိ၊ ပြဿနာမရှိပါချေ။ ကိစ္စရှိတာက ကြင်ယာတော် ဓားဆွဲပြီး လေ့ကျင့်ရေးကွင်းထဲဝင်မလာဖို့သာလျှင်ဖြစ်သည်။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now