9

2.6K 408 8
                                    

မေဘယ်လ် ထွက်သွားသည်နှင့် ရှင်းတစ်ယောက်
နေရာမှာပင်ငုတ်တုပ်ပြုတ်ကျသွားတော့သည်။
သူက အခုဘယ်လိုမြင်ကွင်းကိုမြင်လိုက်ရတာပါလိမ့်။

မိန်းခလေးတစ်ယောက်က သန်မာသည့်ယောက်ျား
သားတစ်ယောက်ရဲ့လက်ကို လိမ်ချိုးချလိုက်တာများ။
ဒီမြင်ကွင်းက စောက်ရမ်းကြောက်ဖို့ကောင်းတယ်။

မေဘယ်လ် ရဲ့တစ်ကိုယ်လုံးမှာ အေးစက်စက်အငွေ့အသက်တွေလွှမ်းမိုးနေတာများ အနားမှာရှိတဲ့လူတိုင်းကိုခဲသွားမတတ်ဘဲ။

ရှင်း ခက်ခက် ခဲခဲပင် တည်ငြိမ်အောင်ပြန်ထိန်းလိုက်
ရင်း တုန်နေသောခြေထောက်နှင့်ပင် အိမ်ထဲသို့ တုန်တုန်ရီရီနှင့်ဝင်လာခဲ့တော့သည်။

[ ဇာတ်ဆောင်ပီပြင်မှု = 1000
စာဖတ်သူစိတ်ကျေနပ်မှု = 500
ဇာတ်ဆောင်နှင့်ဆက်နွယ်မှု=500
စုစုပေါင်းရမှတ် =4200 ဖြစ်ပါသည်။]

ဝါး!တစ်ခါတည်းနဲ့ အမှတ် 2000 တောင်ရတယ်ပေါ့။
စောင်ရမ်းမိုက်သွားပြီ။ ဒါဆို သူfunction ပွင့်ဖို့
5800 ပဲလိုတော့တာဖြစ်သည်။ ရှင်း ကြောက်စိတ်
တွေတောင်ပြေပျောက်သွားပြီး လေထဲကို လက်သီး
နှစ်ချက်မျှပစ်သွင်းလိုက်သည်။

ပျင်းပျင်းရှိသည်နှင့်တစ်အိမ်လုံးကို ဟိုဟိုသည်သည်
လျှောက်မွှေနေလိုက်သည်။ ဖုန်းမရှိတဲ့ဘဝက
စောက်ရမ်းပျင်းဖို့ကောင်းသည်။ ဖုန်းမရှိတဲ့ ကမ္ဘာကို
ရောက်နေတာမဟုတ်သော်လည်း ဖုန်းလေးတစ်လုံးတောင်မဝယ်နိုင်သည့် မွဲပြာကျနေသည့် ဇာတ်ဆောင်ရဲ့ ကိုယ်ထဲရောက်နေတာဖြစ်တဲ့အတွက် ကိုယ့်ကံကြမ္မာကိုယ်သာယိုးမယ်ဖွဲ့ရတော့သည်။

ဒီထဲမှာရော EXO တို့ Blackpink တို့ရောရှိလား
သိချင်ပါရဲ့။ idol တွေကိုလွမ်းလို့သေတော့မှာပဲ။
တကယ်ဆို မကြာခင်မှာ Baekhyunee က
စစ်မှုထမ်းပြီးလို့ပြန်လာတော့မှာ။
အဲ့အချိန်ရောက်ခါနီးမှ သေရတဲ့ ဘဝကလည်း
စောက်ရမ်းရင်နာဖို့ကောင်းသည်။

မျက်ရည်လေးဝဲတဲတဲနှင့် ဟိုမွှေသည်မွှေလုပ်နေရင်း
နှစ်ထပ်သာရှိသည့်စာအုပ်စင်လေး ဆီရောက်သွား
တော့သည်။ စာအုပ်စင်လေးထက်မှာရှိသည့်စာအုပ်
တွေက အုပ်ရေ 50 ကျော်ခန့်ရှိပြီး ဟောင်းနွမ်းနေ
လေသည်။ တစ်အုပ်ချင်းစီကလည်း ကျင့်စဉ်လိုလို
ကျမ်းစာအုပ်တွေလိုလိုကများသည်။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now