ငါကတော့ ငါကိုယ်တိုင်လောင်ကျွမ်းလိုက်ဖို့ကိုပဲရွေးချယ်တယ်
ရှင်းရဲ့မျက်နှာက ဖြူဆုပ်လို့လာချေပြီ။ အသက်ကိုဖြေးညင်းစွာရှူလို့ စိတ်ကိုငြိမ်အောင် ဦးစွာပြုလိုက်ရသည်။ ဒါကရှောင်လွှဲလို့မရသည့် mission တစ်ခုပင်။
"ဇာတ်ဆောင်ကိုကယ်တင်ရမယ်ဆိုတာ..ဘယ်သူ့ကိုကယ်တင်ရမယ်လို့ဆိုလိုတာလဲ "
ရှင်းရဲ့အသံက တုန်ရင်နေသယောင်ယောင်။
[ mission အောင်မြင်ရန် ဇာတ်ဆောင်နှစ်ယောက်ထဲမှ တစ်ယောက်ကို သေချာပေါက်ကယ်တင်ရပါမယ်။ ]
"နှစ်ယောက်လုံး ကိုကယ်တင်လို့မရဘူးလား "
[ ဇာတ်ဆောင်တစ်ယောက်သာလျှင် ရှင်သန်နိုင်ရပါမည်။ နှစ်ယောက်လုံး သေဆုံးသည်ဖြစ်စေ၊ နှစ်ယောက်လုံး ရှင်သန်သည်ဖြစ်စေ၊ mission ကျဆုံးပါမည်။]
"ဒီခွေးစကားကို ပြောနေတဲ့ ခွေးလို System ကတော့! "
ရှင်းရဲ့ မျက်နှာဟာ ဒေါသအဟုန်ကြောင့် နီမြန်းလို့နေချေပြီ။ တင်းတင်းဆုပ်ထားသည့် လက်ဖဝါးပြင်နှစ်ဖက်နှင့်အတူ ဖိကိုက်ထားပါသောနှုတ်ခမ်းတို့က သွေးပင်စို့လုမတတ်။
ဆိုလိုသည်က Happy Ending ဖြစ်ဖို့ဆုတောင်းနေလဲမပြည့်ဘူးဟု လှောင်ပြောင်သရော်နေဟန်။ အရင်ဇလပ်ဝါဘဝ တုန်းက ဝတ္ထုဖတ်လျှင် Sad Ending မှကြိုက်ခဲ့သူ၊ သို့သော် ယခုအခါ နှလုံးသားတစ်ခုလုံးနှင့်ရင်း၍ကပြနေရသော ပြဇာတ်တစ်ခုရဲ့ Sad Ending ကိုတော့ မနှစ်သက်ပါချေ။
"Mission ကိုလက်မခံလိုမဖြစ်ဘူးမလား"
[ဟုတ်ပါတယ် ။]
"ငါ့မှာ point ဘယ်လောက်ရှိသေးလဲ "
[ စုစုပေါင်းလက်ကျန်အမှတ် 20000 ရှိပါသည်။]
"ဒီ mission အတွက် ငါဝယ်နိုင်တဲ့ အရာတွေပြ"
မကြာမီအတွင်း အတန်းလိုက်ပေါ်လာသောစျေးနှုန်းများ...
[-နေရာဒေသပြောင်းလဲခြင်း=1000
ဇာတ်ညွှန်းကြိုဖတ်ခြင်း =10000
.
.
.
mission အားအသစ်တဖန်စတင်ခြင်း=200000 ]ရှင်းသည် နောက်ဆုံး ရှိအရာအား စိတ်ဝင်စားခဲ့လေသည်။ ရှင်းသည် ဇာတ်ညွှန်းကြိုဖတ်ခြင်း သည် ယခု mission အတွက်အသင့်လျော်ဆုံးသော ရွေးချယ်မှုဟုမထင်ပါ။ အကယ်၍သာ တစ်ခုခုဖြစ်ခဲ့ပါမူ အရန်အစီအစဥ်မရှိနိုင်တော့။ အဓိကပြဿနာသည်ကား point မလုံလောက်သောပြဿနာပင်။ နောက်ဆုံး mission ဖြစ်သည့်အားလျော်စွာ မေဘယ်လ် မသေလျှင် သူသေရမည်။မေ ဘယ်လ်သေခဲ့လျှင်တော့..
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasíaလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...