17

2.5K 361 10
                                    

နေရောင်ခြည်သည် မီးခိုးရောင် ကန်လန့်ကာကြီးအား
မထိုးဖောက်နိုင်သည့်နှယ် ပြတင်းဝ၌သာရစ်သီ၍သာ
နေတော့သည်။ ဖြူလွှလွှ အခန်းအပြင်အဆင်က
တစ်စုံတစ်ခုကိုတီးတိုးရွတ်ဆိုနေသလိုလို... ။

အခန်းထောင့်နားတွင်ကပ်လျက် စင်အသေးစားလေး
တွေနှင့် စိုက်ပျိုးထားသည့် ဘွန်ဆိုင်းပင် အလှပန်းအိုး
လေးတွေကြောင့်လည်းတစ်မျိုးတစ်မည် ထူး၍ကဗျာ ဆန်နေသလိုလို။

လေအေးပေးစက်ကြောင့် ကျဆင်းနေသောအခန်း
တွင်းအပူချိန်ကြောင့် ရှင်းရဲ့ကိုယ်လေးကတစ်ချက်မျှ
လူးလွန့်သွား၏။ ခနတွင်းမှာပင် နွေးထွေးတဲ့
ရပ်ဝန်းတစ်ခုကိုရှာတွေ့သွားတော့ ရှင်း တစ်ယောက်
ပို၍တိုးဝင်မိသည်။

မျက်ဝန်းတို့ကိုမှိတ်လျက်သား ရင်ခွင်ထဲအတင်းတိုး
ဝင်နေတဲ့ ပြောင်းဖူးမွေးရောင်ဆံပင်တွေနဲ့ ရှင်းကြောင့်
မေဘယ်လ်သည် ဆက်၍ပင်မမှေးနိုင်တော့။ ခေါင်း
လုံးလုံးလေးကို တစ်ချက်မျှခပ်ဖွဖွပုတ်ပုတ်လိုက်ပြီး
သဘောတကျရီလိုက်မိသည်။ ခွေးပေါက်စလေးနဲ့
တောင်တူပါသေးရဲ့။

မေဘယ်လ်သည် ရှင်းရဲ့ ကိုယ်လေးကိုဆွဲခွာပြီး
အိပ်ရာထရန်ကြံလိုက်သော်လည်း
ထိုအကြံဥာဏ်သည် အလကားဖြစ်သွားပြန်သည်။
အကြောင်းသည်ကား ပိုလို့ပင်ခါးကိုပါဆွဲဖက်လာသည့်
ရှင်းကြောင့်ပင်။ မသိလျှင် သူ့အပိုင် ဖက်ခေါင်းအုံး
တစ်ခုလိုပင်။

"အရှုပ်အထုတ် မင်းအလုပ်မသွားဘူးလား "

မေဘယ်လ်သည် လေထုနှင့်စကားပြောနေရသလိုခံ
စားမိသွား၏။ မနက် 7 နာရီထိုးပြီဖြစ်သည်။
ရှင်းသည် အိပ်ရာမှထမလာခဲ့။

"ဟေ့! မေးနေတယ်လေ ။ အလုပ်မသွားရဘူးလား"

လက်မောင်းတွေကို ခပ်ဆတ်ဆတ်ရိုက်ပြီးမေးတော့မှ
မျက်မှောင်ကြီးကြုပ်ကာ စိတ်အလိုမကျသည့် မျက်နှာထားအတိုင်း သူ့ဆံပင်တွေကိုသူ တစ်ဗြင်းဗြင်းဆွဲဖွတော့သည်။ သေချာပေါက်ကို မပွင့်သေးသည့် မျက်လုံးများနှင့်ပင်ဖြစ်သည်။ ကလေးများစိတ်မကြည်သောအခါပြုလုပ်တတ်သည့် ဂျီတိုက်သောအသံလေးတွေပလုံစီအောင်လည်းထွက်လာသေးသည်။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now