စစ်ပွဲစတင်လေပြီ။ (2)
ကြင်ယာတော်၏ ထူးဆန်းလှသောလိုအင်ကြောင့်ဖြစ်ပေါ်လာသောစစ်ပွဲအတုသည် ဟိုးလေးတကျော်ကျော်နှင့် ဖြစ်လို့နေသည်။
ရင်သွေးလေးတွေသည် မမွေးဖွားလာခင်ကတည်းက စစ်ရည်စစ်သွေး သာမက ရဲစွမ်းသတ္တိနှင့်ပြည့်စုံလှကြောင်း၊ ဗေဒင်ဆရာမကြီး ၏ အဟောအတိုင်း ချွင်းချက်မရှိ မှန်ကန်မှာသေချာလှကြောင်း ပြောမဆုံးရှိလှသည်။
မေဘယ်လ် ကတော့ထိုချီးကျူးစကားများအားမည်သို့မျှပင်မတုန့်ပြန်ခဲ့ပါချေ။ ဒါက ပြောစရာမရှိလို့ ပြောစရာတွေ့သွားရုံသက်သက်ပဲဟု သတ်မှတ်ထားလေသည်။
အတင်းဆိုတာလဲ သူတို့ပါးစပ်ထဲကပဲထွက်သလို၊ သတင်းဆိုတာလည်းသူတို့ပါးစပ်ထဲကပဲလာသည်။ သူတို့ပါးစပ်ထဲဝယ် လူတစ်ယောက်တည်း၏ဘဝသည်အမျိုးမျိုးအစုံစုံပြောင်းလဲပြီးနှင့်သည်။
ဥပမာအားဖြင့် မေဘယ်လ် သည် မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်နှင့်ပတ်အိပ်နေသောမိန်းမပျက်ဟု ဆိုခဲ့သည်ကလည်း ထိုပါးစပ်များပင်ဖြစ်ပြီး ၊ ယခုမေဘယ်လ်သည် ကမ္ဘာပေါ်တွင်တစ်ယောက်တည်းအပြင်ပိုမရှိနိုင်သည့်အချစ်တတ်ဆုံးသော၊ သစ္စာအရှိဆုံးသော အမျိုးသမီးတစ်ယောက်ဟူသော စကားသည်လည်း ထိုသူတို့ပါးစပ်ကပင်။ လူ့သဘာဝကိုက ထိုကဲ့သို့လာသည်ပင်။
သူတို့စိတ်ထဲ သဘောတွေ့နေလျှင် ထိုလူအသက်ရှူနေလျှင်တောင် ချီးကျူးတတ်ကြပြီး ၊ သဘောမတွေ့ခဲ့လျှင်တော့ မည်မျှပင်ကြိုးစားနေထိုင်ပါသော်လည်း လမ်းဘေးရှိခွေးတစ်ကောင်ထက်နိမ့်ကျကြောင်း ချဲ့ကား၍ပြောနိုင်ကြလေသည်။
ထို့ကြောင့် မေဘယ်လ်ကတော့ မည်သူတစ်ဦးတစ်ယောက်ရဲ့ ချီးကျူးစကား၊ ရှုတ်ချပြစ်တင်စကားတို့အား အဖတ်ပင်လုပ်မနေပါချေ။ သူလုပ်စရာရှိသည့်ကိစ္စရပ်များကိုသာ အေးအေးနှင့်မှန်မှန်လုပ်နေဆဲ။
ယခုလည်း စားပွဲခုံထက်ခင်းကျင်းထားသည့် စစ်ဗျူဟာကျမ်းအား တစိုက်မတ်မတ်အာရုံစူးစိုက်လို့ ကြည့်နေဆဲ။ တင်းတင်းကျုံ့ထားသော မျက်မှောင်သည် အာရုံစိုက်ခြင်းဟူသောဝေါဟာရကိုထင်ရှားစေသည်။
![](https://img.wattpad.com/cover/267013479-288-k275024.jpg)
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasíaလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...