33

2.1K 309 12
                                    

"ဘယ်လိုနေသေးလဲ "

"ခုနကမှအိပ်ပျော်သွားတာ "

အလောတကြီးဝင်လာသည့် မေဘယ်လ်သည်
ကုတင်ပေါ်တွင် နွမ်းလျစွာလှဲနေသော ရှင်းထံကြည့်၍
မျက်သားတို့ကနီရဲတက်လာချေတော့သည်။
ရုတ်တရက်များ မေဘယ်လ့် မျက်ဝန်းတို့အားကြည့်
လိုက်ပါက အနီရောင်လုံးလုံးဖြစ်နေ၍ခြောက်ခြားဖွယ်အတိဖြစ်နေပေသည်။

"ငါသေအောင်သတ်ခဲ့သင့်တာ။ "

"စိတ်လျော့ပါ ကွာ။ "

"မင်းတို့သွားလို့ရပြီ။ မေးစရာရှိရင်လည်းနောက်မှမေးတော့။ "

"အင်းပါ။ ဒါဆို ငါတို့သွားပြီနော်။"

ကြီးမားလှသောအခန်းတံခါးကြီးအပိတ်
စဝ်လွန်း နှင့် စဝ်သွန်း ပြန်သွားတာသေချာတော့မှ
တင်းခံခဲ့ရသည့်မျက်ရည်စီးကြောင်းသည်
ပါးပြင်နှစ်ဖက်ထံစီးကျလာခဲ့သည်တည့်။

ဖြူလျော့နေသော ရှင်း ၏ကိုယ်လေးသည်
လေတစ်ချက်ဝှေ့တိုက်လိုက်သည်နှင့် လွင့်ပြယ်သွား
တော့မယောင်ယောင်။ ဖြူအုအု လက်လေးနှစ်ဖက်
သည် လက်သည်းရာများကြောင့် ရောင်ကိုင်းလျက်
သား။ ဖျော့တော့လှသောအသက်ရှူသံက
မေဘယ်လ့်၏ စိတ်အစုံကို ပြာကျစေလောက်တဲ့အထိ
ပူပန်စေသည်။

ချစ်ရသူ၏ ထိုကဲ့သိုနာကျင်နေရသောပုံရိပ်သည်
မေဘယ်လ်၏ ယုံကြည်ချက်တို့ကိုလျော့ပါးစေပါ၏။
သူသည် ထိုမိန်းမပျိုလေးအား နေခြည်တစ်ပေါက်မျှ
မကျရောက်အောင်ကာကွယ်ပေးပါမည်ဟု
ကြွေးကြော်ခဲ့ပါသော်ငြား အခုတော့ အသက်ကိုပင်
ခက်ခက်ခဲခဲရှူနေရသည့် အခြေအနေအထိရောက်ခဲ့
ရသည်။ သူ၏ ကာကွယ်ပေးမည် ဆိုသည့်ကတိစကား
သည်အဘယ်သို့များတည်တံ့နိုင်ပါမည်နည်း။
ထိုအမျိုးသမီးငယ်အား ကာကွယ်နိုင်ဖို့ သူဘာများ
ဆက်လုပ်နိုင်မည်နည်း။

မေဘယ်လ်သည် ရှင်းရဲ့ကိုယ်လေးအား ထိုင်လျက်
အခြေအနေအတိုင်းပြုပြင်လိုက်ပြီး စွမ်းအင်
စီးကြောင်းအချို့အား ဖြေးဖြေးချင်း ပြောင်းရွှေ့ပေး
နေခဲ့သည်။ မေဘယ်လ်သည် အံကိုတင်းတင်းကျိတ်
ထားခဲ့၍ နှုတ်ခမ်းသားများပင်ပေါက်ပြဲနေခဲ့လေပြီ။
ငံကျိကျိသွေးအရသာသည် ခံတွင်းတစ်လျှောက်
ပျံ့နှံ့သွားပြီး တစ်ညလုံးနီးပါး စွမ်းအင်တို့ကိုလွှဲပြောင်း
ပေးနေခဲ့ပါ၏။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now