2

3.9K 476 18
                                    

ဇာတ်ဆောင်ကလူသတ်လိုက်တယ်






ညနေက ပိုး ပို့ပေးလိုက်တဲ့ fic ကိုဖတ်နေရင်း
မျက်တောင်တွေတောင်မှေးစင်းချင်လာသည်။
ပြောပါတယ် ဒါမျိုးကသူ့အကြိုက်မဟုတ်ပါဘူးဆို။

ပြီးတော့ ဗိုင်းနာမလေး ပေးလိုက်တဲ့ fic က လည်း
Lesbian fic ကြီး။ ပြိုလဲကြေကွဲ ငိုမျက်ရည်ဝဲ ဖြစ်
ချင်သွားသည်။ ငါဟာ အဖြောင့်တစ်ယောက်ပါ
မယ်ပိုးရယ်။

နင်ဘာရည်ရွယ်ချက်နဲ့ငါ့ကို Lesbian fic လာပေးရသလဲ ကွယ်။ 10 ပိုင်းကျော်ဖတ်ပြီးသည့်အချိန်မှာ
ဇလပ်ဝါ လုံးဝသည်းမခံနိုင်တော့ချေ။ အပိုင်းကဖြင့် 10 ပိုင်းကျော်ရှိသေး ဇာတ်ဆောင်က မိန်းကလေး သုံးယောက်နဲ့ အိပ်ပြီးပြီ။ ဒါဖြစ်သင့်လား ဟမ်! ဟမ်!

"နင်မှန်မှန်ပြောစမ်း ပိုး။ နင်ငါ့ကိုကြိုက်နေတာလား"

မီးစိမ်းနေတဲ့ ပိုးရဲ့ acc ကို စာပို့လိုက်တော့
စက္ကန့်မခြားပင် လက်ခလယ်အီမိုဂျီတွေတစ်တန်းကြီး
ပြန်ပို့လာလေသည်။

"ကမ္ဘာကြီးပေါ်မှာ နင်နဲ့ငါနှစ်ယောက်တည်း ကျန်ခဲ့မယ်ဆိုရင်တောင် ငါနင့်ကိုမကြိုက်ဘူး ကောင်မရေ။"

"အဲ့တာဆိုဘာလို့ငါ့ကို Lesbian fic ကြီးလာပို့လဲ ။
နင်သက်သက်ငါ့ကိုကြိုက်လို့ မကွေးကွေးအောင် လုပ်နေတာလို့ ထင်သွားတာပေါ့။  "

"သောက်ပေါက်ပိတ်ပြီး ပြီးအောင်သာဖတ် ။
အပိုင်းဘယ်လောက်ရောက်ပြီလဲ "

"10 ပဲရှိသေးတယ် "

"ဆက်ဖက်! ငါ့ မောင်လေး လိုင်းတက်လာပြီ။
သွားကြူလိုက်အုံးမယ်။ အဟဲ "

"ဒီ ဖေ "

ပိုးကို ကျိန်ဆဲကာ ဖတ်လတ်စ fiction ဆီသို့သာပြန်
ဝင်လာခဲ့လိုက်သည်။ သူ့ကိုကြောက်လို့တော့မဟုတ်ပါဘူး။ ဒီအတိုင်းဖတ်စရာမရှိတော့လို့...

* ​မေဘယ်လ် ရဲ့ မျက်ဝန်းတွေက အနီရင့်ရင့်သို့
ကူးပြောင်းသွားသည့်ခနတွင်းမှာပင် ၊
ပတ်ဝန်းကျင်မှ အရာအားလုံးသည်
ရပ်တန့်သွားသယောင်ယောင်။

ပတ်ဝန်းကျင်မှ သတ္တဝါငယ်လေးများသည်
ကြီးမားသောဖိအားတစ်ခုနှင့် ရင်ဆိုင်လိုက်ရသလို
အကုန်လုံးသည် မြေပြင်ပေါ်ပြားပြားဝပ်ဝပ်ဖြစ်ကုန်သည်။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now