ပုန်ကန်ခြင်း (3)
မေဘယ်လ်၏ မျက်နှာသည်ကား ပုံမှန်လိုပင်။ ရှင်းသာ ပုန်ကန်ဖို့အကြောင်းအရာကိုမသိထားခဲ့လျှင် ရိပ်မိလိမ့်မည်တောင်မဟုတ်။ မေဘယ်လ်ကအထူးတလည်ကြီးဟန်ဆောင်နေစရာလည်းမလိုဟုထင်မိသည်။ ဘာကြောင့်လဲဆို အများသိထားကြသလို သူကခံစားချက်ကိုမျက်နှာမှာသိပ်မဖော်ပြတတ်လို့ပဲ။ နောက်တစ်ချက်ကတော့ သူသေချာပေါက် ဒီကိစ္စကို စိတ်ပူမနေနိုင်တာပဲဖြစ်၏။
ယခုလည်း ပုံမှန်နေ့တစ်နေ့လိုပင် ရုံးသွားဖို့ရာပြင်ဆင်လေသည်။ မနက်စောစောထမယ်၊ ရင်ခွင်ထဲကဇနီးလေးကို အနမ်းတစ်ပွင့်ပေးမယ်၊ ဇနီးလေးစားဖို့မနက်စာပြင်ပေးပြီးတာနဲ့ ဇနီးလေးကိုနှိုးမယ်။ ဒါဟာမေဘယ်လ်ရဲ့နေ့တစ်နေ့အားအစပြုခြင်းပင်။
ဒီနေ့တော့ လိမ္မော်ရောင်တောက်တောက် suit အပြည့်နှင့် ကျောလယ်လောက်ရှိသောဆံနွယ်တွေကို ခပ်မြင့်မြင့်ထုံးထား၏။
"ကိုယ်နောက်ကျမှာမို့ စောစောအိပ်နှင့်နော်"
အိပ်ချင်မူးတူးဖြစ်နေသည့် ရှင်းရဲ့နဖူးပြင်လေးကို ဖွဖွနမ်းလို့ အမှာစကားချွေလေရဲ့။ ရှင်း မျက်လုံးပိတ်လျက်သား ပင်ပြုံးပြလိုက်ပြီး တာ့တာပြနေလိုက်သည်။ ဒါကစင်စစ်အိပ်ချင်ဟန်ဆောင်ထားမှန်း မေဘယ်လ်မသိပေမယ့်လည်းပေါ့။ ရှင်းရဲ့ mission ကစတင်နေလေပြီ။
တရွေ့ရွေ့ထွက်ခွာသွားသည့် ကားအနက်ရောင်လေး မြင်ကွင်းကပျောက်သွားသည်နှင့် အိပ်ခန်းထဲဝင်လို့ အဝတ်အစားမြန်မြန်လဲလိုက်သည်။ ထို့နောက် mirror night ကာလတုန်းက မေဘယ်လ်ကျွေးဖူးသည့် ဆေးတစ်လုံးကိုလည်း ဝါးစားလိုက်သည်။ ဒီဆေးလုံးက သူ့ကိုယ်သင်းနံ့ပြောင်းစေဖို့အထောက်အကူပင်။
ပြောင်းဖူးမွှေးရောင်ဆံနွယ်တွေကိုစုချည်လိုက်ပြီး အနက်ရောင်ဆံပင်ရှည်တစ်ခုကောက်စွပ်လိုက်သည်။ မီးခိုးရောင်ဟူဒီနှင့် အနက်ရောင်ဂျင်းဘောင်းဘီရှည်။ ဒါလောက်ဆို မေဘယ်လ် မမှတ်မိဖို့လုံလောက်ပါရဲ့လား။
ဒီ mission အောင်ဖို့အတွက် မေဘယ်လ် ဘယ်လိုစီစဥ်ထားလဲသူသိဖို့လိုသည်။ ဒါပေမယ့် မေဘယ်လ်က သူ့ကိုဝင်မစွတ်ဖတ်စေချင်ဘူး။ သူသာဝင်မလှုပ်ရှားဘူးဆိုရင်လည်း System ကအမှတ်နှုတ်လို့သေရလိမ့်မည်။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasíaလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...