[ငါ့ကြင်ယာတော်ကိုဘယ်သူထိပါးဝံ့သလဲ! !]
မြင့်မြတ်သွေးမျိုးနွယ်စု၏ ပုန်ကန်ခြားနားမှုပြီးသည့်နောက်တွင်တော့ အခြားသောမျိုးနွယ်စုများက အံ့ဩမှုနှင့်အတူ ထပ်မံထူးခြားလာမည့်အခြေအနေအရပ်ရပ်အား တီးတိုးစောင့်မျှော်နေခဲ့ကြလေသည်။
မျိုးနွယ်စု အများစုသည် ဖြစ်လာတော့မည့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြသလို ၎င်းတို့နည်းတူ မြင့်မြတ်သွေးမျိုးနွယ်စုသည်လည်း စစ်ပွဲအတွက်တိတ်တဆိတ်ပြင်ဆင်နေသည်ဟုအများစုကထင်ခဲ့ကြသည်။
သို့သော်ငြား ထိုကဲ့သို့သော ပုန်ကန်ခြားနားမှုကိုမည်သည့်မျိုးနွယ်စုကမျှ မထင်မှတ်ထားခဲ့သည့်အတွက် မျိုးနွယ်စုအားလုံးကြားတွင် လှိုင်းတံပိုးတစ်ခုသဖွယ် ပြင်းထန်စွာရိုက်ခတ်သွားလေတော့သည်။
ထိုကဲ့သို့ ပုန်ကန်သူမှာ မေဘယ်လ် ဖြစ်နေသည့်အတွက် မြင့်မြတ်သွေးမျိုးနွယ်စုသည် အနာဂတ်တွင် ပို၍ နိုင်လိုမင်းထက်ဆန်လာတော့မည်ဟူသော ခန့်မှန်းမှုများကတစ်မျိုး၊ မြင့်မြတ်သွေးမျိုးနွယ်စု၏ ပြောင်းလဲသွားသောအကြီးအကဲကြောင့် ပိုအင်အားကြီးလာနိုင်သည့်အတွက် မြင့်မြတ်သွေးမျိုးနွယ်စု၏မဟာမိတ်ဖြစ်ရန်ကြံရွယ်နေမှုကတစ်ဖုံ၊ အမျိုးမျိုးအထွေထွေ ရှုပ်ထွေးလျက်ရှိနေလေတော့သည်။
မေဘယ်လ်သည် မကြာခင်အချိန်စပ်ကြားတွင် တာဝန်လွှဲပြောင်းယူခြင်းအခမ်းအနားနှင့်အတူ ကြင်ယာတော်တင်မြှောက်ခြင်းအခမ်းအနားပါကျင်းပလိမ့်မည်ဟူသော ကောလဟာလသည်လည်း အချိန်နှင့်တစ်ပြေးညီကောင်းကောင်းပျံနှံလျက်ရှိသည်။
အကုန်လုံးသိကြသည်က မေဘယ်လ်၏ ကြင်ယာတော်ကသေချာပေါက် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မြင့်မြတ်သွေးမျိုးနွယ်စုမှဖြစ်သည်ဟူ၍။ သေချာတာပေါ့။ ရှင်းသည် ရှေးဟောင်းလိပ်ပြာမျိုးနွယ်စု ဟူသော အရာသည်ကား လျှို့ဝှက်ချက်တစ်ခုဖြစ်နေသည်မို့။
မေဘယ်လ့်အကြောင်းကိုသိသောမျိုးနွယ်စုများမှာတော့ သူ့ကြင်ယာတော်ကို မည်သို့မျှထိပါးလို့မဖြစ်ကြောင်း မျိုးနွယ်စုဝင်များအားအတန်အတန်မှာကြားနေလေ၏။ သို့သော်လည်း အကဲစမ်းချင်ကြသည့်မျိုးနွယ်စုများလည်းရှိလေသည်။ ကြင်ယာတော် ဟူသောဂုဏ်ဒြပ်ကိုရလောက်သည်အထိ ထိုသူသည်မည်မျှစွမ်းအားကြီးပါသနည်း ဟု တွေးကြပြီး စွမ်းအား အားစမ်းသပ်ကြပါရန် မိုက်ရူးရဲဆန်စွာတွေးနေလေ၏။
![](https://img.wattpad.com/cover/267013479-288-k275024.jpg)
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Viễn tưởngလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...