1

6.3K 511 37
                                    

~Library လေးလဲတို့နဲ့ဝေး
RC လေးလဲသတိရမိတယ်။
ရင်မှာလွမ်းလို့ကျတဲ့မျက်ရည်
ဂျက်ဒ်ဆင်အိုလေးဘယ်မမေ့ဘူး..။
ကြင်နာသူတွေရဲ့ကံ့ကော်တန်း
ခြေရာထင်ကျနိဆဲအဓိပတိလမ်း
ရင်မှာသံမှိုဆွဲနှလုံးအိမ်ထဲ တို့တော့သတိရနေမှာပါ..။

ရန်ကုန်တက္ကသိုလ်ကြီးတစ်လျှောက်လွင့်ပျံ လာတဲ့
သတိရနေမှာပါ သီချင်းသံက ကျောင်းသူကျောင်း
သားတွေရဲ့ မျက်ဝန်းတွေကိုစိုစွတ်စေသည်။
ပြီးတော့  အံတင်းတင်းကြိတ်ပြီး တောက်ခတ်သံတွေ
ရောကြားနိုင်ပေလိမ့်မည်။  

သူတို့ဒီကျောင်းတော်ကြီးကို ခွဲခွာခဲ့ရတာ နှစ်နှစ်နီးပါးပင်ရှိရော့မည်။ သေချာပေါက် သူငယ်ချင်း​တွေရောပေါ့။ ရုတ်တရက်ခွဲခွာရခြင်းက ပြင်ဆင်ချိန်ပင်မရလိုက်။ ဘယ်သူကမှမထင်ခဲ့မိပါ။

ဒီသောက်ကောင်းကျိုးမပေးတဲ့ တရုတ်။ ငါ့အဆင်တွေကလွဲလို့ အကုန်လုံးကို ယီး ပဲ။ ငါယိုးမ ကိုဗစ် ။ အောက်တန်းစားရောဂါ။

ပြီးတော့ မအေလိုး 4 ပေ 8။
တိုင်းပြည်ကို သူ့အမေလင်လို့များမှတ်နေလားမသိဘူး။
အာဏာကတက်ရူးသွားသေးတယ်။ ​သောက်ရပ်နဲ့မှ
မလိုက် တိုင်းပြည်ကို သောက်ဒုက္ခတွေတသီကြီးပေး
သွားတာ။ ကံကောင်းလို့ ဘွဲ့မရပဲ
ရေခဲချောင်းထွက်ရောင်းရတော့မလို့။

ဇလပ်ဝါ တောက်တစ်ချက်ခတ်ကာ ကျောင်းဝင်းကြီး
ထဲသို့စတင်၍ခြေလှမ်းတို့ကိုစလိုက်သည်။
ဒါက ဝမ်းနည်းရပြီး ယူကြုံးမရတဲ့ခံစားမှုကြီးပဲ။
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ရင်ထဲမှဆစ်ခနဲ အောင့်ရပါရဲ့။

"ဇလပ်ဝါ!  အမလေး ငါ့သူငယ်ချင်း အသက်ရှိသေးသားပဲ "

အခန်းထဲရောက်ရောက်ချင်းပင် ထောပနာပြုတဲ့ ပိုး
ကို လက်ခလယ်ထောင်ပြလိုက်သည်။ သေချာကြည့်မှ
အရင်က ပိုးရဲ့ဆံပင်တွေက ခါးအထိတိုင်ရှည်လျားခဲ့တာပါ။ အခုဘယ်လိုဖြစ်လို့ ဂုတ်ထောက်ဖြစ်နေရတာ
လဲ။ နဂိုကတည်းကမှ မိန်းမနဲ့တူတာဆိုလို့ ဆံပင်လေး
ပဲရှိပါတယ်ဆို ။ ဒီမိန်းမကတော့။ အခုတော့
နည်းနည်းဖောင်းနေတဲ့ ရင်ဘက်သာမရှိရင်
ဘယ်သူကြည့်ကြည့်အထီးပဲ။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now