3

3.5K 441 6
                                    

[A/N ဒီအပိုင်းကစပြီး ရှင်းလို့ပဲသုံးပါတော့မယ်]

"အာ့ "

ဝမ်းဗိုက်ဆီသို့ခပ်ပြင်းပြင်းဝင်လာတဲ့ကန်ချက်တစ်ခု
ကြောင့် ရှင်း ရဲ့မျက်နှာက ရှုံ့မဲ့သွား၏။
အသည်းတွေကြွေလောက်တဲ့နာကျင်မှုနဲ့အတူ
လည်ချောင်းတစ်လျှောက် လျှံ တက်လာတဲ့
ခပ်ပျစ်ပျစ်သွေးတစ်ပွက်ကို ထွေးထုတ်ပစ်လိုက်သည်။

* နေကြပါအုံးဟယ် ။ ငါအခုလေးတင်မြောင်းထဲကျပြီးသေပြီးတယ်။ အခုထပ်အရိုက်ခံနေရပြန်ပြီ။

ရှင်း ရဲ့မျက်နှာက ခက်ထန်သွားပြီး သူမအား
ဝိုင်းဝန်းကန်ကျောက်နေတဲ့ လူသုံးယောက်ကို
မော်ကြည့်လိုက်သည်။ ရုတ်တရတ် ပြောင်းသွားတဲ့
မျက်နှာထားနဲ့ မထီတဲ့အမူအရာ က ထိုလူသုံးယောက်
ကိုနည်းနည်းလေးတော့ဇဝေဇဝါ ဖြစ်စေတယ်။

"ငါလိုးထဲမှ! နင်တို့ကဘာကောင်တွေလဲ ။
ဘာမို့လို့ငါ့ကိုလာကန်နေတာလဲ "

{သတိပေးချက်!  ဇာတ်ဆောင်သာဆို အဲ့လိုမဆဲပါဘူး။ စကားကိုသတိထားပြောပေးပါ။ ဇာတ်ကောင်ပီပြင်ဖို့အထူးဂရုစိုက်ပါ}

ရှင်းတစ်ယောက် ဒေါသထွက်လွန်းလို့
သွေးထပ်အန်မိတော့မယ်လို့ထင်ရသည်။

"အဲ့တော့ငါက ဒီသောက်ခွေးတွေလုပ်နေတာကိုငြိမ်ခံနေရမှာလား "

{အမှတ်တွေလုံလောက်တဲ့အခါ ကိုယ်ပိုင် function ဖွင့်လို့ရပြီဖြစ်တဲ့အတွက်။ အမှတ်အရင်စုဆောင်းဖို့အကြံပေးချင်ပါတယ်။}

"ကိုယ်ပိုင် function ဖွင့်ဖို့အမှတ်ကဘယ်လောက်လိုတာလဲ။ "

{ရမှတ် 10000 တိတိလိုအပ်ပါတယ်}

ရှင်း စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချလိုက်ရသည်။
ဒါကလည်း သူအသက်ဆက်ရှင်နိုင်မယ့်နည်းလမ်း
မို့လို့ပဲ။ သူသာ ဇာတ်ကောင်မပြီပြင်ရင် ဝတ္ထုထဲမှ
ကန်ထုတ်ခံရမှာဖြစ်သည်။ ကန်ထုတ်ခံရရင်လည်း
ပြန်ဝင်စရာကိုယ်ခန္ဓာကလည်းမရှိတော့ပြီမို့
လေလွင့်နေတဲ့ဝိဥာဉ်မဖြစ်ရေး ကြိုးစားပြီးသည်းခံရအုံးမည်။

ဘာပဲဖြစ်နေနေ သူကဇာတ်ဆောင်မို့လို့အစောကြီးတော့မသေလောက်ပါဘူး။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now