30

2.1K 314 12
                                    

ပြိုင်ပွဲစင်မြင့်သည်ကား ကြီးမားကျယ်ပြန့်လှသလို
ပရိတ်သတ်အပေါင်းတို့အတွက်ပွဲကြည့်စင်ဆိုရင်တော့
ဖြင့်ပြောဖွယ်ရာမရှိ။ ထိုစင်မြင့်အား လေပြည် စင်မြင့်
ဟုခေါ်ပြီး ထိုစင်မြင့်သည် စိန်ခေါ်ပွဲစဉ်များအတွက်
အထူးတည်ရှိသောနေရာပေ။

တကယ်တမ်းတော့ လေပြည် စင်မြင့်ဟူသည်
အမည်နာမသက်သက်သာဖြစ်ပြီး ထိုစင်မြင့်ပေါ်ရှိ
စိန်ခေါ်ပွဲစဉ်များမှာ မုန်တိုင်းသဖွယ်ခက်ထန်လှချေ၏။

"ဘာလဲကွာ...။ အခုမှပွဲတော်စတယ် ။ ချက်ခြင်းကြီး
စိန်ခေါ်တယ်ဆိုတော့ ဘယ်လောက်တောင်အောင့်အီးထားခဲ့ရလည်းမသိ...။ ကျွတ်.. "

လူအုပ်ကြီးသည်ကား မေဘယ်လ့်အားစိန်ခေါ်သည်
ဟူသောစိန်ခေါ်မှုကိုကြားသည်နှင့် တစ်ခနချင်းပင်
ပြည့်ကျပ်သွားချေ၏။ တစ်ယောက်တစ်ခွန်းနှင့်ဆူညံ
နေသောလူအုပ်ကြီးသည် ပွဲစင်မြင့်ထက်တွင်
မားမားမတ်မတ်ရပ်ကာ မေဘယ်လ့်ကို စောင့်နေသည့်
ဖရီဒါ့ထံ စိတ်ပျက်စွာကြည့်ရှုနေကြသလို..
ဒီတစ်ခေါက်ရောဘယ်လိုမရှုမလှရှုံးမလဲဆိုသည့်
သဘောဖြင့် ကြည့်နေကြတော့သည်။

"နှစ်တိုင်း မယိမ်းမယိုင် မေဘယ်လ်တစ်ယောက်တည်းကိုပဲ စိန်ခေါ်ရတဲ့အထိ သူတို့ကဘယ်လောက်တောင်ရန်ညှိုးကြီးပါလိမ့် "

"ငါသာသူ့နေရာမှာဆိုရင် အားကုန်ခံပြီး မေဘယ်လ့်ကိုစိန်ခေါ်မနေတော့ဘူး။ ရူးနေတဲ့လူပဲ မေဘယ်လ့်ကို စိန်ခေါ်မှာ "

"ဒါပေမယ့်လည်း ဒီနှစ်ကအစောကြီးစိန်ခေါ်တယ်ဆိုတော့ တစ်ခုခုတော့သေချာပြင်လာတယ်နေမယ်"

"ဘယ်နနှစ်ရှိပြီလဲ ဆယ်နှစ်လား ၊ ဆယ့်တစ်နှစ်လား ။ အားယိုး.. !တစ်နှစ်မှတောင်မနိုင်တာ အံ့ဩစရာပဲ"

"ဟိုမှာ! မေဘယ်လ်လာပြီ"

ကျွတ်စီကျွတ်စီနှင့် တွတ်ထိုးနေကြသောလူအုပ်ကြီး
သည် နီစွေးစွေးအရိပ်တစ်ခုက စင်မြင့်ပေါ်လွှားခနဲ
ပျံတတ်သွားသောအချိန်တွင် တစ်ပြိုင်တည်းပင်
တိတ်ဆိတ်သွားချေတော့၏။ လေ၏ဟန်ချက်ကို
ကောင်းကောင်းကိုင်တွယ်ကာ ပျံသန်းလာတော့
အနီရောင်ဆံနွယ်များနှင့်တကွ နီစွေးစွေးဝတ်ရုံတို့က
လေထဲတွင်လွင့်ခနဲ...။ ငေးမောချင်စရာကောင်းပါ၏။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now