52(i)

1.4K 219 13
                                    

နောက်ဆုံးသော mission (1)









မေဘယ်လ်  စစ်ထွက်သွားသည့်နေ့က ရှင်း တစ်နေ့လုံးငိုခဲ့ရသည်။ သူမေဘယ်လ့်ကို စိတ်မချနိုင်ပါ။ မည်မျှပင် ဇာတ်ဆောင်ဖြစ်ပါစေအုံး၊ မည်မျှပင် အင်အားကြီးမားပါစေအုံး မထိခိုက်ပါဘူးဟု မည်သူမျှ အာမမခံနိုင်ပါချေ။ စာရေးဆရာဟူသရွေ့က ဇာတ်ဆောင်ကိုနည်းနည်းလေးမှဇာတ်မနာပေးရရင်မနေနိုင်ကြသူတွေမို့ ဇာတ်လမ်းတစ်လျှောက်လုံးမိမိုက်လာခဲ့သည့်မေဘယ်လ့်ကို မရက်စက်ပါဟုမပြောနိုင်ပါချေ။ သူစိတ်ပူတာအလွန်မဟုတ်။

သူမေဘယ်လ့်ကို အန္တရာယ်ဖြစ်မှာမလိုလားပါ။ သူအနားမှာရှိနေရလျှင် အကူအညီထက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေမှာစိုးသည့်အတွက်သာ နေရစ်ခဲ့ရသည်။ ဇာတ်ဆောင်သေဆုံးသည့်ဝတ္ထုဆိုတာလည်း မရှားသည်မို့ သူမေဘယ်လ့်ကို ထိုသို့ဇာတ်သိမ်းသွားမှာသေမတတ်ကြောက်ရပါသည်။

ထိုနေ့တစ်နေ့လုံး ငိုလိုက်သည့်အတွက် နောက်တစ်ရက်တွင်အပြင်းဖျားခဲ့သည်။ ထိုအချိန်က စဝ်သွန်းကသာပြုစုပေးခဲ့ရရှာသည်။ ပုံမှန်ဆို အစားမက်သည့်ရှင်းက ဆန်ပြုတ်တစ်ဇွန်းလောက်သောက်ဖို့ကိုတောင်ငြင်းဆန်နေခဲ့သည်။

ရှင်းရဲ့မျက်နှာတွင် စိုးရိမ်ပူပန်ရခြင်းဟူသော စာတန်းကအပြည့်အဝနေရာယူထား၏။ သို့သော် ထိုအချိန်တွင် ရှင်း ၏ဝမ်းဗိုက်ထံမှုတွန်းတိုးမှုတစ်ခုကိုခံစားခဲ့ရ၏။ ထိုခံစားမှုက စိုးရိမ်ပူပန်မှုများအားမေ့လျော့စေပြီး အံဩမှုများအားအစားထိုးယူငင်လာခဲ့သည်။

ရှင်း သူ့ဗိုက်လေးကို ဖွဖွထိကိုင်လိုက်တော့ ထပ်မံလှုပ်ရှားလာတဲ့ဝမ်းဗိုက်ဆီမှလှုပ်ရှားမှုကြောင့် ရှင်းမျက်ရည်တို့ကျလာခဲ့ရပြန်သည်။ ဒါက သေချာပေါက်ကို သူ့ရဲ့ဖမ်းဆုပ်လို့မမိဘဲတိမ်စိုင်ကဲ့သို့ပြန့်ကျဲနေသည့်အတွေးတို့ကိုအလုံးစုံစုစည်းစေခဲ့သည်။

အမွှာလေးတွေက လှုပ်ရှားနေတယ်။ ထိုလှုပ်ရှားမှုသေးသေးလေးက သူ့ကိုဝမ်းမနည်းဖို့အားပေနေသလိုလို။ တစ်ယောက်တည်းမဟုတ်တော့သလိုခံစားချက်က တဖန်ပြန်၍စိုးမိုးလာချေသည်။ အရင်တုန်းက သူ့မှာတွယ်တာစရာဆိုလို့ မေဘယ်လ်ပဲရှိခဲ့တာ။ အခုတော့ ကလေးလေးတွေပါရှိနေပြီ။ သူတောင့်ခံနိုင်မှဖြစ်မည်။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now