နောက်တစ်နေ့ အိမ်ပြန်တော့ ရှင်းဟာ မူရာမာယာ
များလှစွာဖြင့် မေဘယ်လ့်အား တစ်လမ်းလုံးပွေ့ချီစေ
တော့သည်။ မျိုးနွယ်စုအားလုံး၏အမြင်မှာ ရှင်းဟာ
ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့လူတစ်ယောက်
အဖြစ်သာဖြစ်တယ်။ ဒါကြောင့်ပဲ မေဘယ်လ်ဟာ
ထိုမူယာမာယာလုပ်နေသော ရှင်းကို အိမ်ရောက်သည်
အထိပွေ့လာခဲ့ရတော့သည်။ပြဿနာသည်ကား ပွေ့ချီလာရသောကြောင့်မဟုတ်။
ပွေ့ချီတာကို ငြိမ်ငြိမ်သက်သက်လိုက်မလာတဲ့
ရှင်းကြောင့်သာဖြစ်၏။ လူအများ၏အမြင်တွင်
မေဘယ်လ့်ရင်ခွင်ထဲအင်အားချည့်နဲ့စွာမှိန်းနေတဲ့
ရှင်းကိုသာ ဂရုဏာသက်ဖွယ်တွေ့ရလိမ့်မည်။
သို့သော် တကယ်တမ်းကတော့ဖြင့် ရှင်းရဲ့လက်တွေ
ကငြိမ်ငြိမ်မနေဘဲ မေဘယ်လ်၏အထိမခံနိုင်သော
နေရာအချို့ကို ဆိတ်ဆွဲလိုက်၊ ခပ်ဖွဖွလေးပွတ်လိုက်
ဖြင့်ကလိနေတော့သည်။"ဟန်နီ ငြိမ်ငြိမ်မနေရင် ၊ အိမ်ရောက်ရင် သက်သာမယ်မထင်နဲ့နော်။ "
"ဒါလင်က ဟန်နီ့ကိုရိုက်မလို့လား ဟွန့်။ ဟန်နီက
ဒဏ်ရာရထားတဲ့လူနော် ""အရမ်းဆိုးနေတယ်ပေါ့ "
"ချစ်သူကအရမ်းအလိုလိုက်တော့ ဆိုးရဲတာပေါ့ "
မေဘယ်လ် သည် ဘာစကားတစ်ခွန်းမျှကိုထပ်မပြော
နိုင်တော့ပါချေ။ ထိုအဆိုးအဆာလေးတွင်
မေဘယ်လ်၏ စကားတိုင်းအတွက်ချေပစရာ
တီတီတာစကားများက အချိန်ပြည့်ရှိနေသည်။"ဟန်နီကွာ..."
မေဘယ်လ် ညီးညီးညူညူဆိုမိတော့
"ဒါလင်ကလဲကွာ.. "
ဟု ပြီတီတီအပြုံးလေးနှင့် တုန့်ပြန်လေသည်။
ထိုသို့နှင့် လူမမာယောင်ဆောင်ထားသော
တီတီတာတာလေး ကို အိမ်ရောက်သည်အထိ
ပွေ့လာခဲ့ရသော်လည်း မေဘယ်လ့်မှာ အပြုံးမပျက်နိုင်ခဲ့ချေ။ထိုနေ့ပြန်ရောက်ပြီးသည့်အချိန်မှစ၍ ရှင်းသည်
ခြောက်လတိတိ အိမ်တွင်းပုန်းရန်ဖြစ်လာတော့သည်။
ကော်ဖီဆိုင်လေးမှ အပြီးတိုင်ထွက်လိုက်ရပြီး
ဒဏ်ရာကုသရန်ဟူသော အကြောင်းပြချက်ဖြင့်
အိမ်တွင်စားလိုက်သောက်လိုက် ၊ ကိုယ့်ချစ်သူကိုယ်
ပြန်ဖွန်ကြောင်လိုက်နှင့် လှိမ့်၍သာနေရတော့သည်။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasiaလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...