<<unicode >>
ပုန်ကန်ခြင်း (1)
တင်!
မျက်လုံးတောင်မဖွင့်ရသေး အချက်ပေးသံမြည်လာတဲ့ System ကြောင့် ရှင်း စိတ်ရှုပ်စွာပဲ တောက်တစ်ချက်ခေါက်လိုက်သည်။
*ဘာစောက်ပြဿနာတွေသယ်လာပြန်ပြီလဲ
ရှင်း တစ်ယောက်စာကိုဝင်မဖတ်ခင် စိတ်ကိုအရင်ပြင်ဆင်လိုက်ရသည်။ ဘယ်သူသိမှာလဲ ။ ငါ့ကိုအဆိပ်ကြွေးပြီးသတ်မယ်ဆိုတဲ့ဇာတ်ကွက်တွေဆိုရင်ဘယ့်နှယ့်လုပ်မတုန်း။
[mission = ပုန်ကန်ခြင်း]
"What The Fuck! ပြန်ပြောစမ်း။ နင်ပြန်ပြောလိုက်စမ်း "
[ mission = ပုန်ကန်ခြင်း]
မှေးကျင်နေဆဲ ရှင်းရဲမျက်လုံးတွေဟာ အဆမတန်ပြူးကျယ်သွားပြီး ဘေးနားမှာ အိပ်စက်နေသည့် မေဘယ်လ့်ကိုလှည့်ကြည့်လိုက်သည်။ နောက်ဆုံး တကယ်ကြီး ပုန်ကန်တော့မယ်ပေါ့။ အစ်မကြီးရယ် စိတ်လေးလျော့ပါအုံးလား။ စိတ်လိုက်မာန်ပါတွေ သိပ်မလုပ်ပါနဲ့။
"ဒီ mission ကပုန်ကန်တယ်ဆိုပေမယ့် ဘယ်လိုကျရင် mission အောင်မှာလဲ။ ငါမေးချင်တာက ပုန်ကန်တာ အောင်မှ mission အောင်မှာလား။ ပုန်ကန်တာ ရှုံးမှ mission အောင်မှာလား "
ရှင်း စိတ်ထဲအဆမတန်ရှုပ်ထွေလျက်ရှိသည်။ ပုန်ကန်တာရှုံးမှဆိုရင်တော့ ဇာတ်လိုက်သေဖို့ပဲရှိသည်။ ဒါတော့မဟုတ်လောက်ပါဘူး လေ။
[ ပုန်ကန်တာအောင်မြင်လျှင် mission အောင်မြင်မည်ဖြစ်သည်။]
ထိုမှသာ ရှင်းစိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချမိလေသည်။ ဘေးနားကသူကတော့အေးအေးချမ်းချမ်းအိပ်စက်နေမြဲ။ မသိလျှင် သူ့မှာ ဧရာမ အကြံအစည်ကြီးမရှိသလိုလိုပါပဲ။
ဒီကမ္ဘာမှာနေတာကြာလာလို့ ဇာတ်ရည်လည်လည်ဝယ်ဝယ်သိနေပြီဖြစ်သော ရှင်းအတွက် ဒီ ပုန်ကန်ခြင်း mission အောင်ဖို့ရာခက်ခဲမှန်း ရှင်းကောင်းကောင်းကြီးသိပါချေသည်။ အထိအခိုက်လည်းအနည်းနှင့်အများရှိနိုင်မှန်း ရှင်းခန့်မှန်းမိပါသည်။
" ငါ့မှာ point ဘယ်နမှတ်ရှိလဲ "
[ လက်ရှိရမှတ် = 30000 မှတ်ဖြစ်ပါသည်။]
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Viễn tưởngလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...