သက်တမ်းတစ်ဝက်ခွဲဝေပေးခြင်း
ခေါင်းဆီမှထိုးကိုက်လာမှုနှင့်အတူ တစ်ကိုယ်လုံးသည်လည်း ထုံထိုင်းနေကြောင်း ရှင်းခံစားနေရသည်။ တကယ်ဆို နှလုံးသားဆီ ဓားအထိုးခံရတာဖြစ်ပါရဲ့သားနှင့် အဘယ်ကြောင့် ခေါင်းကမခံမရပ်နိုင်အောင်ကိုက်နေရပါသနည်း။ နောက်ပြီး နှာဖျားဝတွင် ရှင်းတစ်ခါတစ်လေရနေကျ ဆားအနံကိုလည်း ရနေသေးသည်။
မျက်ခွံနှစ်ဖက်သည်လေးလံလွန်းလှသည်ဟုခံစားနေရသည်။ ရှင်းဘာဖြစ်နေတာလဲ၊ ဘယ်ရောက်နေတာလဲ ဆိုသည့်မေးခွန်းတွေကိုလည်းမေးစရာမလိုခဲ့။ သူလှဲနေတဲ့နေရာက သေချာပေါက် ဆေးရုံမှာဖြစ်ပြီး သူရနေကျဆားအနံက ဆားအနံ့မဟုတ်ဘဲ ဆေးအနံများသာ။ နောက်ပြီး ဘေးနားရှိ စက်၏တ တီတီမြည်သံကိုလည်း သူမုန်းလှသည်။
ဒါက သူmission ကိုကျဆုံးပြီး ဝတ္ထုထဲမှကန်ထုတ်ခံလိုက်ရခြင်းပေလော။ ဒါဆိုလျှင် မေဘယ်လ်ကရော ဘယ်လိုနေရစ်ခဲ့မည်လဲ။ ရှင်းသည် ယခုထိတိုင်မျက်လုံးမဖွင့်သေးဘဲ ပေကပ်၍နေဆဲပင်။ သူမျက်လုံးဖွင့်မိလိုက်လျှင် လုံးဝပြန်ပြုပြင်လို့မရတော့ကြောင်းအတည်ပြုရမှာကိုကြောက်ပါသည်။
နောက်ဆုံးတွင် သူအရဲစွန့်လို့ SYSTEM အားခေါ်ကြည့်လိုက်သည်။ ကျေးဇူးပြုပြီး...
"SYSTEM 04 ရှိလား "
တုန့်ပြန်မှုသည်တစ်စုံတစ်ရာမရှိ။ သူအသက်ပင်မရှူနိုင်တော့။ တကယ်ကြီးပြန်သွားလို့မရတော့ဘူးလို့တော့ မပြောကြပါနဲ့။
"SYSTEM 04 ငါခေါ်နေတယ်လေ! "
ရှင်း ရဲ့ ဖိမှိတ်ထားသည့်မျက်ဝန်းထောင့်များသည်ပူနွေးစိုစွတ်သောခံစားမှုနှင့်အတူ မျက်ရည်သာတသွင်သွင်ကျနေမိတော့သည်။ နာကျင်လှပါသည်။
"SYSTEM 04 ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ငါ့ကိုအဲ့လိုမခြောက်ပါနဲ့"
တသိမ့်သိမ့်ရှိုက်ငိုမိတော့ ဘေးနားရှိ လူအချို့ထံမှတီးတိုးသံကိုကြားလိုက်ရသယောင်။ ရှင်းသည် မျက်ဝန်းတို့ကိုမှိတ်ထားဆဲ။ ဒီလိုနဲ့ သူဟာ ကနဦးအစကိုပြန်ရောက်သွားခဲ့ပြီထင်ပါရဲ့။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Fantasíaလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...