16

2.6K 401 15
                                    


"အတိအကျတော့မမှတ်မိတော့ပေမယ့်
300 နီးပါးလောက်တော့ရှိပြီ။ "

ရှင်းရဲ့ မေးဟာကြမ်းပြင်သို့ထိလုမတတ်ပင်ဖြစ်သွား
တော့သည်။ အဲ့တော့ ဆိုလိုတာက မေဘယ်လ့် ကိုမဆဲ
နဲ့။ သူက နင့်ထက်အသက်ရာကျော်အောင်ကြီးတယ်။
မသကာ ဘိုးဘေးဘီဘင်တောင်တော်ချင်တော်နေမှာ။

ရှင်းသည် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုခံစားမိ
သွားသည်။ ရင်ဘတ်ထဲကတစ်နေရာရာမှအောင့်သင်သက်ရှိလှသည်။

"အယ်!အမကြီး မနောက်ပါနဲ့ "

ရှင်းလက်တစ်ခါခါနှင့် ငြင်းဆန်လိုက်မိလိုက်သည်။
သို့သော် ရှင်းရှိရာထိုင်ခုံဆီသို့ ချက်ချင်းနီးကပ်လာတဲ့
အကွာအဝေးကြောင့် ကိုယ်ကိုကျုံ့နိုင်သမျှ ကျုံ့ထား
မိလိုက်၏။

* ဒီမယ်အမကြီး ၊ စကားပြောရင် စကားပဲပြောရအောင်။ ဒီ position ကစိတ်မသက်မသာရှိလှတယ်။ အဟမ်း

မျက်နှာကြီးနီပြီး မျက်လုံးကတောင်ကြည့်မြောက်ကြည့်ဖြစ်နေသည့် ရှင်းကို မေဘယ်လ် ကိုင်ဆောင့်ချင်လှသည်။ စကားနားမထောင်ဘဲလုပ်ချင်ရာလုပ်တတ်လွန်းပြီး အမြဲတစေပြောင်ချော်ချော်နှင့်ထိုကလေးမ။ ရေနစ်ပြီးတော့ မှလူစားလဲခံလိုက်သလိုလို။

"မင်းမျက်လုံးထဲမှာ ငါကလိမ်နေတဲ့ပုံပေါက်လို့လား"

"ဟင့်အင်း "

"ဒါပေမယ့် မင်းပုံစံကမယုံသလိုပဲနော်.. "

အကွာအဝေးသည်ပို၍ ပို၍ ကျုံ့လာတာများ
တစ်ထွာကျော်တောင်မလိုတော့ ။

"ဒါ..ဒါပေမယ့် ။ ဘာလို့အရမ်းကပ်နေတာလဲလို့!
ဝေးဝေးသွား "

မေဘယ်လ့်ရဲ့ ရင်ဘတ်တွေကိုတွန်းထုတ်ကာအဝေးပို့
ဖို့ရည်ရွယ်သော်လည်း မရည်ရွယ်သည့်အခြားတစ်ခု
သည်ဖြစ်ပျက်သွားခဲ့သည်။

ရှင်းသည် မေဘယ်လ့် ရဲ့ ရင်သားတွေကိုလက်နှင့်
အတိအကျကိုဖမ်းကိုင်လိုက်မိခြင်းပင်။ ရှင်းရဲ့မျက်နှာ
ဟာချက်ချင်းပင် ပန်းရောင်လှိုင်းတွေဖြတ်ပြေးသွား
တော့သည်။ ဒါကတကယ်တော့ အိကျိ အိကျိ လေးပါလားဟု တွေးမိပြီးနောက် မေဘယ်လ့်ရဲ့ပစ္စည်းကို တစ်ချက်မျှထပ်ညှစ်မိလိုက်သည်။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now