[18+ warning 🚨]
[ပုန်ကန်ခြင်း mission အောင်မြင်ပါသည်။ ဂုဏ်ယူပါတယ်။]
ရှင်း ထိုအရာအားမြင်ပြင်းကပ်လှပါသည်။ ဝင်လာသော စာနှင့်အတူ မီးရှူးမီးပန်းဖောက်သံများကိုပါတွဲတင်ထားပေးသည့်အတွက် ကျေးဇူးတင်ရတော့မလိုလို။ ဒုက္ခတွေပေးခဲ့တာသူမဟုတ်သည့်အတိုင်းပင်။
ရှင်း သည် မေဘယ်လ့်ရင်ခွင်ထဲမှီလို့ ကြယ်တွေကိုရေတွက်နေမိသည်။ မေဘယ်လ့်လက်တွေက ရှင်းရဲ့ခါးသွယ်သွယ်လေးတွေထက် ယှက်တင်ထားပြီး ခေါင်းကို ရှင်းရဲ့ လည်တိုင်တွေထဲအပ်လို့အလုပ်ရှုပ်နေလေသည်။ မေဘယ်လ့်အတွက် ကြယ်ကြည့်ဖို့ထက် ကြယ်ထက်မက်မောစရာကောင်းလှသော ရှင်းထံ၌သာအာရုံအလုံးစုံရှိသည်။
ရှင်း ဓားနဲ့အထိုးခံလိုက်ရတုန်းက အချိန်ကို ပြန်မစဥ်းစားရဲပါချေ။ ထိုစဥ်တုန်းက သွေးတွေကြားက သူ့ကိုကာကွယ်နိုင်ခဲ့လို့ ယဲ့ယဲ့လေးပြုံးပြပြီး လဲကျသွားခဲ့သည့် ရှင်းရဲ့ပုံစံက မေဘယ်လ့်နှလုံးသားထက်ဝယ် ဓားနှင့်အချက်ပေါင်းများစွာ ထိုးစိုက်ခံနေရသလိုလို။ နာကျင်ရပါ၏။
ကြောက်ခဲ့ပါသည်။ ထိုအမျိုးသမီးလေးကို လက်လွှတ်ခဲ့ရမှာကို သေမတတ်ကြောက်ရွံ့ခဲ့ပါသည်။ ကာကွယ်ပေးပါမည်ဟု ထပ်ခါ ထပ်ခါ ကြွေးကြော်ထားခဲ့ပြီး သူ့ကြောင့်ပဲ ထပ်မံနာကျင်ခဲ့ရပြန်သည်။
သွေးများနှင့် နစ်နေသော ရှင်းကိုယ်လေးကိုပွေ့ဖက်လို့ ရူးမတတ်ဖြစ်ခဲ့ရသည့် မေဘယ်လ့် ပုံစံက ဆောက်တည်ရာမရ ပြိုလဲလို့။ သို့သော် ကံကောင်းထောက်မစွာပင် ကယ်တင်ရန်နောက်ဆုံးနည်းလမ်းတစ်ခုရှိခဲ့သည်။ ထိုအရာသည်ကား မိမိ၏ ကျန်ရှိနေသေးသော သက်တမ်းတစ်ဝက်အား ခွဲဝေပေးပြီး သေဆုံးခြင်းမှ ခေတ္တဖာထေးရန်။
ရှင်းရဲ့ အခြေအနေသည် သေဆုံးခြင်းသို့မရောက်သေး။ ထို့အတွက် မေဘယ်လ်သည် သူ့ရဲ့ ကျန်ရှိနေသေးသော သက်တမ်း 1500 ထဲမှ နှစ်ပေါင်း 750 အားရှင်းထံခွဲဝေပေးလို့ အသက်ကြိုးအားဆွဲဆန့်ခဲ့သည်။ သို့သော် ထိုစဥ်က အောင်မြင်နိုင်ချေသည် 30% သာရှိသည်။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Фэнтезиလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...