38

1.9K 270 9
                                    

"အဲ့လို အဆောတလျှင်လုပ်လို့မဖြစ်ပါဘူး မင်းသမီး ။
အကုန်လုံးသဲထဲရေသွန်ဖြစ်လာပါလိမ့်မယ်။ "

မေဘယ်လ် သည်မျက်မှောင်ကိုသာကျုံ့ထားဆဲ
ဖြစ်ပြီး အရှေ့ကစားပွဲကိုသာလက်နှင့်တတိတိခေါက်
နေချေသည်။ သူဒီအကြောင်းကိုသေချာသိနှင့်ပြီးသား
ဖြစ်သည်။

ပုန်ကန်တယ်ဆိုတာ လွယ်လွယ်နဲ့အောင်ရိုးထုံးစံမရှိ။
အထူးသဖြင့်အကြီးအကဲသည် နှစ်နှစ်ရာနီးပါး
အုပ်စိုးလာခဲ့ပြီး အင်အားအရာတွင်လည်း
လျော့တွက်၍မရနိုင်ပါချေ။

နဂို မေဘယ်လ် တို့စီစဉ်ခဲ့သောပုံစံမှာကား
အင်အားစုဆောင်ပြီး ကောင်းမွန်၍တောင့်တင်းသော
အင်အားရှိလာပါမှ မထင်မှတ်ထားသောအချိန်တွင်
ဝင်တိုက်ရန်ဖြစ်သည်။

ယခုအချိန်တွင် အင်အားအတော်အသင့်ခိုင်မာနေပြီ
ဖြစ်သော်ငြား လုံလောက်သည့်အနေအထားတော့
မရောက်ရှိသေး။ အင်မတန်မှ risk များသော
လုပ်ဆောင်ချက်ဖြစ်သည်။

သို့ပါသော်ငြား ရှင်း နာကျင်ရမှာကိုသေမတတ်
ကြောက်ပါသော မေဘယ်လ်အတွက် ရွေးချယ်စရာ
ဟူသည် ထိုတစ်နည်းသာရှိပေ၏။

မေဘယ်လ် သည် မျက်နှာအား လက်ဖဝါးပြင်၌
အပ်ကာ အသက်ပြင်းပြင်းတစ်ချက်ကိုရှူထုတ်လိုက်
လေသည်။

"ဒီဟာက အရမ်းလောနေမှန်း ကျွန်မသိပါတယ်။
ဒါပေမယ့် ဆုပ်လည်းစူး၊ စားလည်းရူးအခြေအနေမှာ
ကျွန်မကတော့ စူးဖို့ကိုပဲရွေးချယ်ရလိမ့်မယ်။
risk များမှန်းသိပေမယ့် လာမယ့်ဘေး မြန်မြန်ပြေး
တွေ့လိုက်ကြတာပေါ့။ "

မေဘယ်လ့်စကားသံအဆုံး၌ ဆယ်ယောက်ခန့်သော
လူတို့သည် သက်ပြင်းကိုယ်စီချမိလေ၏။
အချိန်အနည်းငယ်အကြာငြိမ်သက်သွားသော
အခန်းကျယ်သည် အမယ်အိုတစ်ယောက်၏
အသံဖြင့် စကားဝိုင်းအား
ပြန်လည်အစပြုလိုက်သည်။

"မင်းသမီးကဒီလိုဆန္ဒရှိတော့လဲ ကျွန်တော်မျိုးမတို့က
အဆင်သင့်ပြင်ထားလိုက်ပါ့မယ်။ မင်းသမီးလည်း
အစစ အရာရာဂရုစိုက်ပါ။ ကျွန်တော်မျိုးမတို့
အတွက်က မင်းသမီး အလိုရှိရာဖြည့်ဆည်းပေးဖို့ပါဘဲ"

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now