4

3.1K 427 6
                                    

[ အိပ်ရာထချိန်ရောက်ပါပြီ]

[ အိပ်ရာထချိန်ရောက်ပါပြီ]

[အိပ်ရာထချိန်ရောက်ပါပြီ]

တကျီကျီအော်နေသည့်အသံက ရှင်း ရဲ့အိပ်စက်ခြင်း
တွေကိုအပြီအပြင်နှောက်ယှက်နေတော့သည်။
မနေ့ကထိုးကျိတ်ခံထားရလို့အဖျားငွေ့ငွေ့သမ်းနေတော့ နည်းနည်း​လေးလှုပ်မိတာနဲ့နာကျင်ရ၏။

"ငါးမိနစ်ပဲ .."

[ အိပ်ရာထချိန်ရောက်ပါပြီ]

"ငါးမိနစ်ပါပဲဆို... ဟင့်"

အိပ်ရာထဲမှထမလာသေးဘဲ ဈေးဆစ်နေသည့် ရှင်း ။
သူတကယ့်ကိုအိပ်ရေးမဝသေးဘူး။

[ အခုချက်ချင်းမထရင် အမှတ် 200 နှုတ်ရပါလိမ့်မယ်။]

ရှင်းရဲ့ မျက်လုံးတွေဟာ တစ်မဟုတ်ချင်း
ပြူးကျယ်သွားတော့၏။ သူသေလောက်အောင်
ထိုးကျိတ်ခံထားရတုန်းကတောင်
အမှတ် 100 ပဲရတာလေ။ အခု အိပ်ရာထနည်းနည်း
လေးနောက်ကျတာနဲ့ အမှတ် 200 နှုတ်မယ်တဲ့လား။
နည်းနည်းတော့များတယ်မဟုတ်ဘူးလား။
ဒါဆို သူ့အမှတ်က -100 ဖြစ်သွားမှာလေ။
အနှုတ်ရလိုက်တာနဲ့ သူကဝတ္ထုထဲကကန်ထုတ်ခံရတော့မှာ။

"အား! ထပြီ ။ထပြီ။ ငိုး ထဲမှ ချစ်တီး system နဲ့ လာတွေ့နေတယ် "

နံရံဘေးမှာကပ်လျက်ထောင်ထားသည့်
နာရီဖိုးဖိုး လို့ခေါ်တဲ့ ချိန်သီးနာရီကြီးဆီကြည့်လိုက်
တော့၊ အခုမှ 4 နာရီပဲရှိသေးသည်။

ရှင်း အမြင်မှားတယ်လို့ထင်ပြီး သူ့မျက်လုံးတွေကို
ထပ်ခါထပ်ခါပွတ်သပ်လိုက်သည်။ ထို့နောက် ပြန်ကြည့်သော်လည်း အတိအကျကို 4 နာရီ။

"4 နာရီပဲရှိသေးတာလေ ဘာလို့လာနှိုးနေတာလဲ! "

စိတ်ဆိုးဆိုးနှင့် System ကိုကျုံးအော်လိုက်မိသည်။
4 နာရီဆိုတာ သူတစ်ရေးတောင်မရသေးတဲ့အချိန်ပဲ။
မနက်စောစောထရမှာသေလောက်အောင်မုန်းလို့
ဆယ်တန်းတုန်းကတောင် မနက်စောစောစာထမကျက်ဘူး။

[ ရှင်းက ပုံမှန် ဒီအချိန်ထပြီး အလုပ်သွားပါတယ်။]

"အလုပ်လုပ်သေးတယ်ပေါ့။ ဘာအလုပ်လဲ "

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now