44

1.6K 279 10
                                    

ပုန်ကန်ခြင်း (6)


လွန်ခဲ့သော ငါးရက်ခန့်သို့ ပြန်လည်သွားကြပါစို့။ မေဘယ်လ်တို့ အစီအစဥ်အတိုင်းပင် စဝ်သွန်းနှင့်စဝ်လွန်းသည် လုပ်ဆောင်နေခဲ့သည်။ အစီအစဥ်၏ တစိတ်တစ်ပိုင်းအား အကြီးအကဲထံမျက်ခြေ မပြတ်တင်ပြထားခဲ့သည်။

ဥပမာအားဖြင့် မေဘယ်လ်ကပုန်ကန်ရန်ကြံစည်နေပြီး မေဘယ်လ်နှင့်အတူ မျိုးနွယ်စုမှ မေဘယ်လ့် သစ္စာတော်ခံအချို့ပါဝင်ကြောင်း၊ လာမည့်တစ်ပတ်အတွင်း အကြီးအကဲ၏ ရှင်းအား ပြန်လာအပ်ရန်အမိန့်ကိုနားထောင်ဟန်ဖြင့် လာမည်ဖြစ်ကြောင်း၊ ထိုအချိန်အတွင်း ခန်းမကျယ်တစ်လျှောက် အင်အားအလုံးအရင်းဖြင့် ဝင်တိုက်မည်ဖြစ်ကြောင်း၊ ဒါကြောင့် မေဘယ်လ့်ကိုသတိထားသင့်ကြောင်း အစရှိသဖြင့် အစီအစဥ်အချို့ကို ပြောပြထားခဲ့သည်။

သို့သော်ထိုအစီအစဥ်၌မေးခွန်းတစ်ခုရှိလေသည်။ ထိုအစီအစဥ်ပိုအရင်သိထားပါလျှင် မေဘယ်လ့် အားဦးဆုံးလုပ်ကြံနိုင်ပါသလားဆိုသည်ပင်။ အဆိုပါဖြစ်နိုင်ချေသည် ရုတ်တရတ်ဆိုလျှင် ဖြစ်နိုင်ချေရှိသည်ဟု ထင်နိုင်ပါသော်လည်း အသေးစိတ်တွေးကြည့်ပါမူ ဖြစ်နိုင်ချေသည် အလွန်နည်းပေသည်။

မေဘယ်လ့်လိုလူကိုလုပ်ကြံမည့်အစား နတ်ဘုရားတစ်ပါးကိုသွားလုပ်ကြံသည်က ပို၍အောင်မြင်နိုင်ချေမြင့်သေးသည်။ အကြီးအကဲလိုဥာဏ်များကာ တွေးတောတတ်သောသူသည် လုပ်ကြံမည့်လမ်းအစား အခြားလမ်းကိုသေချာပေါက်ရွေးလိမ့်မည်။

ချောင်ပိတ်ဖမ်းခြင်း။ အကယ်၍ စဝ်သွန်းနှင့်စဝ်လွန်း ပြောစကားမှန်ပါက မေဘယ်လ့်အစီအစဥ်တွင်ဟာကွက်ရှိလေသည်။ ဟာကွက်သည်ကား စင်စစ် ရှင်းပင်ဖြစ်လေသည်။ သေချာတာပေါ့။ ရှင်းနဲ့မေဘယ်လ်ရဲ့ဆက်ဆံရေးကိုမသိရအောင်အထိ သူ မတုံးအပါ။

ရန်သူ၏ အားနည်းချက်ကို ဆုပ်ကိုင်မိခြင်းသည် အကောင်းဆုံးလက်နက်ပင်ဖြစ်သည်။ သို့ဖြစ်၍ မေဘယ်လ်၏ အားနည်းချက်ဖြစ်သည့် ရှင်းကို ချုပ်ကိုင်နိုင်ပါက ချောင်ပိတ်ဖမ်းနိုင်ဖို့မခက်ခဲတော့ချေ။

သို့သော်လည်း ဘဝတစ်လျှောက်လုံး လူအများအပေါ်သစ္စာဖောက်ခဲ့သူဖြစ်သည့်အတွက် စဝ်သွန်းနှင့်စဝ်လွန်းအား အပြည့်အဝလည်းမယုံကြည်ပါချေ။ မည်သို့ပင် သွေးသားတော်စပ်ပါစေ မည်သူ့ကိုမျှမယုံကြည်နိုင်။ ထို့ကြောင့် ဖြစ်နိုင်ချေအား 80% ထား၍ နှစ်ဦးနှစ်ဖက်အား သတိထားနေခဲ့လေသည်။

SYSTEM 04 [COMPLETED]  [စေတန်ရဲ့ နှောင်ကြိုး] Where stories live. Discover now